24

43 5 0
                                    

( ၁ )

အေးစက်ခြင်းက ခါးခါးသီးသီးပဲ အယ်မာ။
ဥပက္ခာဟာ မင်းပေးတဲ့အခါ
တိတ်ဆိတ်ပစ်လိုက်ရတဲ့အသံတွေမှာ
ရှိုက်သံတွေကို ရှာပါ။

( ၂ )

ပင်လယ်ပြာလို နက်ရှိုင်းတဲ့ မင်းရဲ့ မျက်ဝန်းတွေထဲ
နစ်မွန်းချင်သေးတယ်.... အယ်မာ။
ဝေးကွာသွားရခြင်းက အဆုံးသတ်ဆိုတာ
သေချာသွားတော့ သေဆုံးပစ်လိုက်ရတာလဲ
လွတ်​မြောက်ရာ တစ်ခုပါပဲ။

( ၃ )

ဖူးစာမပါလို့ မပေါင်းဖက်ရခြင်းပါတဲ့...အယ်မာရဲ့
ကံတရားက ဟားတိုက်ရယ်ပစ်လိုက်ချင်စရာပဲ။
တွေ့ဆုံခဲ့တယ်။
ဝေးကွာခဲ့တယ်။
စိတ်ဝိဥာည်တစ်ခု စုတ်ပြတ်သပ်ကျန်ခဲ့တယ်။

( ၄ )

မင်းချိုးပစ်လိုက်တဲ့ သစ်ကိုင်းလေးက
မင်းလက်လေးထဲ ရှင်သန်ဖို့
အိပ်မက်တွေ ရှိခဲ့တယ် အယ်မာ။
မင်း ခိုနားမို့ တောအုပ်​လေးတစ်ခုလည်း ဖြစ်ချင်ခဲ့သေးတာ.....။

( ၅ )

အတူရှိခဲ့တဲ့ ညတွေကို လွမ်းတယ်... အယ်မာ။
မင်း ဖျော်တိုက်ခဲ့တဲ့ ကော်ဖီတွေက
ကိုယ့်ရဲ့ညတွေအတွက် အခါးသက်ဆုံးပါပဲ။ အိပ်စက်ခြင်းတွေကို ပျက်ပြားစေတယ်။

𝖳𝗈 𝖬𝗒 𝖣𝖾𝖺𝗋 ... 𝖤𝗆𝗆𝖺 Where stories live. Discover now