'' ဝိဥာဥ် ''
ဝေးဝေးပြေးမရတဲ့ ခြေလှမ်းတွေပေါ့ အယ်မာ။
မင်းဆီက ထွက်ပြေးဖို့ ကြိုးစားကြည့်လဲ
မင်းဆီပဲ ကိုယ်ပြန်ရောက်တဲ့အခါ
မေ့ပစ်ဖို့ ဖြစ်နိုင်ပါသေးရဲ့လား။သေဆုံးပြီးသွားရင်တောင် မင်းအမျှဝေမှ
ကျွတ်တမ်းဝင်မယ့် ဝိဥာဥ်တစ်ကောင်က
ကိုယ် ဖြစ်မယ်ထင်တယ်....အယ်မာ။