31

35 4 0
                                    

'' ကျွန်တော့ရဲ့ အယ်မာ ''

ကျွန်တော်သိပ်မြတ်နိုးရတဲ့ အရာတွေထဲ
အယ်မာ့ရဲ့ မျက်၀န်းပြာတွေပါတယ်။
အဲ့ဒီမျက်၀န်းတွေရှေ့ ညစ်ထေးထေးတိမ်တိုက်တွေ
ဖန်ဆင်းရတာကို သူမက နှစ်သက်တယ်။
အယ်မာရဲ့ စွဲလမ်းတတ်လိုက်ပုံများလေ။

အယ်မာက ထူးဆန်းတယ်။
ကော်ဖီတွေကို ချိုအီနေမှသောက်တတ်ပေမယ့်
သူမက အပြုံးအရယ်နည်းတယ်။
လက်သွယ်သွယ်လေးကြား စီးကရက်ကို
အမြဲညှပ်ထားတတ်ပေမယ့် သူမက
စီးကရက်နံ့ကို မကြိုက်ဘူးတဲ့။

နောက်ပြီး ကျူးလစ်တွေကို မုန်းတဲ့ အယ်မာက
နှင်းဆီနီနီတွေကို သိပ်ချစ်တတ်သေးတယ်။

အယ်မာက အနီရောင်ကြိုက်တယ်။
နှုတ်ခမ်းနီထူထူတင်ထားတတ်တဲ့ အယ်မာ့နှုတ်ခမ်းတွေက စွဲလမ်းစရာတစ်မျိုးဘဲ။

ကျွန်တော့ရဲ့အယ်မာက
အန္တရာယ်သိပ်များတယ်..... ။

𝖳𝗈 𝖬𝗒 𝖣𝖾𝖺𝗋 ... 𝖤𝗆𝗆𝖺 Where stories live. Discover now