မင်းကြိုက်တဲ့ သီချင်းလေး နားစွန်နားဖျားကြားမိရင်တောင် မျက်ရည်တွေက ဝေ့ခနဲပါ... အယ်မာ။
အရာရာ မင်းစိတ်နဲ့ ဖြစ်တည်ခဲ့တဲ့ လူမို့လို့
မင်းဆီက လွတ်မြောက်ဖို့ သိပ်ခဲယဥ်းပါတယ်။
မင်းမျက်နှာတစ်ခုတည်းကြည့်ပြီး နေခဲ့တဲ့ လူမို့လို့
မင်းကို မေ့ဖို့ဆိုတာ သိပ်ကြံ့ကြာပါတယ်။မခေါ်ဖြစ်တော့တဲ့ ဖုန်းနံပါတ်လေးတစ်ခုက content ရဲ့ထပ်ဆုံးမှာ ရှိနေသေးတယ်။ မင်းပေးခဲ့တဲ့ ရေမွှေးကို ကိုယ်မသုံးဖြစ်တော့ဘူး။
အမှတ်တရတွေကိုတော့ ကိုယ်ချန်ထားချင်သေးတာလေ။မင်းက ကိုယ့်ဆီ ဘယ်တော့မှပြန်မလာတော့ဘူး ဆိုတာလည်း တမင်တကာမေ့ပစ်ထားချင်သေးတာ။အမှတ်သည်းခြေမရှိရကောင်းလား ဆိုပြီး
ကိုယ့်ကို ဆူပါ ...အယ်မာ။