'' မာလ်ဘိုရိုတေးသွား ''
အိပ်ပျက်ညတွေက ချောက်ကပ်ကပ်ပဲ အယ်မာ။
ဘယ်လမ်းကို ရွေးရွေး မင်းမပါတော့တဲ့အခါ
မာလ်ဘိုရိုတွေနဲ့ သန်းခေါင်ယံည။ကြားယောင်မိတဲ့ ရယ်သံတချို့ဟာ အိပ်ရာဝင်တေးလား။ မဖြစ်နိုင်ဘူး အယ်မာ...။
ဒါက အမှတ်တရလို့ ခေါ်တဲ့ ကမ္ဘာတစ်ခုမှာ
ကိုယ် ပိတ်မိခြင်းပဲ။ကိုယ့်ဆီ ပြန်လာခဲ့ပါ။
မင်းမုန်းတဲ့ မာလ်ဘိုရိုတွေက
မင်းလောက်မှ ကိုယ့်ကို မစွဲလမ်းစေတာ...အယ်မာ။