50

37 1 0
                                    

ချစ်ခဲ့ကြတဲ့ ရာစုနှစ်တွေက '' အမှတ်တရ '' အယောင်ဆောင်ထားတဲ့ '' အနာတရ '' တွေပါ
အယ်မာ။မင်း လှည့်မကြည့်တော့တဲ့ အရပ်မှာ ကြယ်တွေက ပုန်းခိုလို့လေ။

ချစ်ခဲ့ကြတာ နှစ်ယောက်လုံးဆိုပေမယ့်
ဆက်ချစ်ရတာ ကိုယ်တစ်ယောက်တည်း။
သစ္စာတရားမှာ နောက်ထပ်ရွေးချယ်စရာ
တစ်ခုရှိခဲ့တာ ကိုယ် သိခဲ့ဖို့ကောင်းပါတယ်။

မမေ့နိုင်တဲ့ လူက '' အရှူံး '' တဲ့ အယ်မာရဲ့။
မင်းပြောကြည့်....ကိုယ်မင်းကို ဘယ်တုန်းကများ အနိုင်ယူဖူးခဲ့သလဲလို့။ အမှတ်မထင်ပြန်တွေ့ဖြစ်ခဲ့တုန်းက ဘာမှမဖြစ်ခဲ့သလို ပြုံးပြနှုတ်ဆက်နိုင်တဲ့ မင်း နိုင်ပါတယ်။

ဝေးဝေးပြေးချင်တဲ့ မင်းရဲ့လက်လေးကိုမှ ကိုယ်က
သံသရာအဆက်ဆက် တွဲထားချင်ခဲ့မိတာ။ ဖူးစာ​နတ်မရေးတဲ့ ပုံပြင်တစ်ပုဒ်မှာ ကိုယ်က မင်းရဲ့ မင်းသားလေးဖြစ်ချင်ခဲ့တာကို ယုံ။ ပျော်ရွှင်စရာ ဇာတ်သိမ်းကိုပဲ ကိုယ်လိုချင်ခဲ့မိတာပါ အယ်မာရယ်။

𝖳𝗈 𝖬𝗒 𝖣𝖾𝖺𝗋 ... 𝖤𝗆𝗆𝖺 حيث تعيش القصص. اكتشف الآن