25

36 3 0
                                    

( ၆ )

ကိုယ့်ကို မေ့ချင်တဲ့အခါ
သူ့ကို ချစ်တဲ့အကြောင်းတွေပြောပါ။
ကိုယ့်ဆီ ပြန်မလာချင်တော့တဲ့အခါ
သူ့ကို '' ဘယ်တော့မှမခွဲဘူး '' ဆိုတဲ့ ကတိတွေ
ပေးပါ....အယ်မာ။

( ၇ )

တနင်္ဂနွေခေါင်းလောင်းသံ​တွေက
ခြောက်ကပ်ကပ်ပဲ အယ်မာ။
ဆိုခဲ့ဖူးတဲ့ ကတိသစ္စာတွေကို ပြန်ကြားမိတော့
'' ထာဝရ '' ဆိုတာဟာ မယုံကြည်ချင်စရာပါပဲ။

( ၈ )

ဘဝအဆက်ဆက်မှာ ပြုစားလှည့်ပါ အယ်မာ။
နာကျင်ရဦးမယ်ဆိုရင်တောင်
မင်းပြုစားတိုင်း ကိုယ်ရူးပြီး
နောက်ထပ် အကြိမ်ကြိမ် မင်းရှေ့မှာ
ကိုယ် ကျရှုံးပြပါ့မယ်။

( ၉ )

စီးကရက်လိပ်တွေ လျှော့သောက်ဖို့
ကိုယ် မမှာတော့ဘူး အယ်မာ... ။
နောက်ဘဝတစ်ခုမှာ ကိုယ်တို့ ပြန်ဆုံမယ်မလား။
မင်းကို ချစ််ရမယ့်ကံနဲ့ပဲ ကိုယ် သန္ဓေတည်ချင်တယ်။

( ၁၀ )

အတိတ်ဟာ အတိတ်ပါပဲ။
အတိတ်ဟာ မင်းပါပဲ။
ကိုယ် ပြန်လှည့်တွေးရုံပဲ တက်နိုင်တယ် အယ်မာ။






𝖳𝗈 𝖬𝗒 𝖣𝖾𝖺𝗋 ... 𝖤𝗆𝗆𝖺 Where stories live. Discover now