Part 101 (unicode)

3.1K 629 72
                                    

Part 101.
ကျန်ချန်တယောက်အလေ့အကျင့် စာမေးပွဲအပြီးတွင်အသားကင်ပွဲတော်ကြောင့်အလွန်ကျေနပ်ပျော်ရွှင်နေလျှက်ရှိသည်။ကုဖေးက ပန်းကန်တွေတစ်ချပ်ပြီးတစ်ချပ်စားပွဲဆီသို့ သယ်လာသည်ကို မတားနိုင်ဖြစ်နေ၏။ဘာကြောင့်လဲ ဆိုတော့ သူ ထိုသို့ လုပ်လာလျှင် ကျန်ချန်က ဒေါသအိုး ပေါက်ကွဲလိုက်မည်ကဲ့သို့ သူ့ကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်တယ်လေ။ဒီကောင်လေးက လွန်ခဲ့သည့်ငါးနှစ်ကတည်းကအစိမ်းရောင်အရွက်များကို စားပြီး၊ ရေတစ်မျိုးတည်းကိုပဲသောက်လာ
သည့်အတိုင်းပင်။

ကံကောင်းထောက်မစွာဖြင့်, သူတို့ ဆီတွင်နောက်ထပ်ပွဲဆက်တွေမရှိတော့ချေ။တစ်ခုတည်းသောဘေးထွက်ဆိုးကျိုးမှာကျန်ချန်
နောက်ရက်အနည်းငယ်ကြာသည်ထိ အစာစားချင်စိတ်မရှိခြင်းပင်။ပွဲတော်ကြောင့် သူ အရမ်းပြည့်တင်းနေယုံသာမကအသားကင်လောက်တခြားဘယ်အရသာကမျှစိတ်ကျေနပ်အောင်မဖြည့်ဆည်းပေးနိုင်သောကြောင့်ဖြစ်သည်။

ဘာဘီကျူး၏ ကြောက်စရာ ကောင်းသည့် ဘေးထွက်ဆိုးကျိုးကြောင့်ကုဖေးက သူ့ကို စာမေးပွဲမဖြေခင်အထိ စားဖို့အတွက် အပြင်မခေါ်သွားတော့ချေ။ သူတို့တွေက အိမ်မှာပဲ
စားဖြစ်ကြပြီးသူအစားအသောက်ကိုကြိုက်
သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ရွေးချယ်
စရာအများကြီးမရှိပေ။

ကျန်ချန်က လိုက်လျောညီထွေရှိအောင် နေ
ထိုင်ရာ၌အရမ်းကောင်းမွန်သော်လည်း သူသည် သူ့စာလေ့လာမှုတွင် နက်နက်ရိုင်းရိုင်း
အမြစ်တွယ်နေခြင်းကြောင့်၊ စားသောက်ရာ
တွင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူ့အားပေးသမျှအရာအားလုံးကိုပြောင်စင်
နေအောင်စားနိုင်၏။

ဤအခြေအနေအတိုင်း ဇွန်လအထိဆက်သွားနေခဲ့ပြီး၊စာမေးပွဲ countdownသည် ဂဏန်းတစ်လုံးသို့ ပြောင်းလဲလာသည်။

"ငါ ဒီနေ့ ဆံပင်သွားညှပ်မယ်။"
ကျန်ချန်ပြောလိုက်တယ်။သူ့မျက်လုံးသည် "စာကျက်" နှင့် "စာမေးပွဲ" ကဲ့သို့ စကားလုံးများကို မပြောတော့သည့်စာသင်ခန်းရှေ့ရှိ
ဆရာ့အပေါ်မှာ ကြည့်နေလျှက်ရှိ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now