Part 99 ~ ~
ချစ်သူများနေ့ကုန်ဆုံးသွားပြီးသည်နှင့်တစ်
ပြိုင်နက်လေထဲရှိစိတ်နှလုံးသားပေါ့ပါးမှု၏
နောက်ဆုံးသောအရိပ်အယောင်ဟာ ၎င်းနှင့်
အတူပျောက်ကွယ်သွားခဲ့သည်။နှစ်ယောက်တစ်တွဲဖြစ်ခဲ့သော အတွဲတစ်တွဲ ဒါမှမဟုတ် ဘယ်အတွဲက ထွက်သွားမယ်ဆိုသည့်အကြောင်းအရင်းတွေမပါပဲနှင့်တစ်နေ့တာကိုအတူတူဆင်နွှဲတာတောင် စကားပြောဆိုရတာ ပိုပြီးဗလာသက်သက်ဖြစ်နေသလို ခံစားခဲ့ရ၏။
စာသင်ခန်းကိုလွှမ်းခြုံထားသော လေထုက တဖြည်းဖြည်းကျဆင်းလာသည်။ ထူးချွန်
သောကျောင်းသားတွေကစာလုပ်နေကြစဥ်
ဤနောက်ဆုံးအခွင့််ရေးကိုဆုပ်ကိုင်လိုသော
အလယ်အလတ်တန်း အဆင့်ကျောင်းသားများသည် အံကြိတ်၍ သင်ခန်းစာများကိုနားထောင်ချင်ကြ၏ : အရှုံးပေးချင်သော်
လည်းလုံးဝလက်မလွှတ်နိုင်သော ကျောင်း
သားများက တစ်ခါတစ်ရံသင်ခန်းစာများ
ကိုလိုက်နားထောင်ပြီး၊ အခြားအချိန်များတွင်အိပ်နေကြသည် :လုံးဝအရှုံးပေးလိုက်သည့်တစ်ချို့လူအနည်းစုကမူ အတန်းထဲတောင်မရောက်လာကြတော့ပေ။ကျန်ချန်သည် စာသင်ခန်း အပြင်ဘက်တွင် တစ်နေကုန်တစ်နေခန်းတဝဲလည်လည်လုပ်နေတဲ့လောင်ရွှိကိုတွေ့နေရ၏။သူ့မျက်နှာက
စာသင်ခန်းရှေ့တံခါးပေါက်၊ နောက်ပေါက်၊ ပြတင်းပေါက်တွေမှာပေါ်လာ၏။သူ အပြင်ကိုလှမ်းကြည့်တိုင်း ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက်က လောင်ရွှိရဲ့မျက်နှာဖြစ်နေတတ်
သည်။လူတွေက ကိုယ်အလေးချိန်ကျဆင်းသွားတဲ့ထူးချွန်သူတွေ အကြောင်း ပြောကြပေမယ့်
လောင်ရွှိကမှ ကိုယ်အလေးချိန် အများကြီးကျသွားတယ်လို့ သူ ထင်တယ် -သူ့မျက်နှာ
အရမ်းကိုပိန်သွား၏။"လောင်ရွှိက မျက်နှာသွယ်ဆေးထိုးထားတာလား။"
ကျန်ချန် တိုးတိုးလေး မေးလိုက်တယ်။
"သူ့ကြည့်ရတာကိုယ်အလေးချိန်အရမ်းကျသွားပုံပဲ။"" စိတ်ပူစရာတွေကြောင့် နေမှာပေါ့ ။"
ကုဖေးက အတန်းအရှေ့တံခါးဝသို့လှမ်းကြည့်လိုက်သည်။
"သူက အခုတစ်လော အိမ်တွေကိုအလည်
အပတ်လုပ်ပြီး၊ကျောင်းသားငပျင်းတွေကိုလိုက်ဖမ်းပြီး သူတို့တွေနဲ့ စကားပြောဖို့အလုပ်ရှုပ်နေတာလေ။မကြာခင်ရွှဲပါ့တွေ
အလှည့်ရောက်လာလိမ့်မယ်။ "
VOCÊ ESTÁ LENDO
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}
Ficção AdolescenteType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -Completed Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^