Part 133(unicode)

2.8K 638 71
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 133;

"ကုမြောင်က......"
ရွှီရှင်းကျီက သူ့အသံကို လျှော့လိုက်၏။
"သူ(မ)ကရေမကြောက်ဘူး၊သူ့အဖေရဲ့မတော်
တဆမှုမြင်ကွင်းကို သူမမြင်ဖူးဘူးမလား။"

ကုဖေး "အင်း" လို့ပြန်ဖြေလိုက်တယ်။

"သူ(မ)က ရေမြင်ရင် အော်တယ်။"
ရွွှီရှင်းကျီက သူ့ကိုကြည့်လာသည်။
"ပြီးတော့ ဒီအပြုအမူကအဖေသေပြီး
ပြီးချင်း ပေါ်လာတာမဟုတ်ဘူး"

"အင်း။" 
ရွှီရှင်းကျီပြောလာမည့် အကြောင်းအရာအားကုဖေးရေးရေးမျှခံစားမိလာပြီး အနည်းငယ် စိတ်မသက်မသာမှုကိုခံစားလာရသည်။

"သူ(မ)က မင်းရဲ့လွှမ်းမိုးမှုကိုခံနေရတာ။"
ရွှီရှင်းကျီကဆက်ပြော၏။
"မင်းကရေကြောက်တာကြောင့်မလို့။"

ကုဖေးသည်ခဏမျှတန့်သွားပေမယ့် စကားတစ်ခွန်းမှ မပြောခဲ့ချေ။

"မင်းကမတူညီတဲ့အပြုအမူတွေလုပ်နိုင်တယ်။
ရေကိုထိတယ်။မင်းရဲ့နေ့စဉ်ဘ၀မှာလည်းရေ
အသုံးပြုတယ်။မြစ်​ဘေးမှာရပ်နေမယ်။ရေထဲမှာ ခဏလောက်ဆော့ကစားလို့ရတယ်။"
ရွှီရှင်းကျီဆက်ပြောသည်။
"ဒါပေမယ့် မင်းရင်ထဲမှာ ေရကြောက်စိတ်ရှိ
တယ်။"

ကုဖေးသည်"ဟုတ်တယ်။" လို့ဖြေဖို့ရန် အချိန်အတော်ကြာခဲ့သည်။

"အများအားဖြင့်, ငါတို့ မခံစားမိတဲ့ခံစားချက်တွေကငါတို့ပတ်ဝန်းကျင်ကလူတွေကိုထိခိုက်စေတယ်။မင်းကြောက်ရင် ကုမြောင် ကြောက်လိမ့်မယ်။မင်းရှောင်ပြေးရင် ကု​မြောင်ကငြင်းဆန်လိမ့်မယ်။ တကယ်လို့ မင်း ရုန်းထွက်သွားနိုင်ရင် သူ(မ)လည်း  ခြေလှမ်းတွေကိုလှမ်းနိုင်လိမ့်မယ်။"

သူ့မှာခံစားချက်တွေကင်းမဲ့နေပေမယ့်ယုတ္တိမရှိဘူးလို့လည်း ကု​ဖေးခံစားမိသည်။ရွှီရှင်းကျီနှင့် စကား
ပြောပြီးခ​ျိန်တိုင်း သူ စိတ်သက်သာရာရသွားလိမ့်
မည်။

အခွံချွတ်၍ဖောက်ထွင်းမြင်နေရခြင်းကသက်သောင့်သက်သာမရှိပေမယ့်တစ်ကြိမ်မျှသာအပေါ်ယံအလွှာပေါက်ပြဲသွားတဲ့အခါကျ သူ အသက်ရှုချောင်သွားခဲ့သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Donde viven las historias. Descúbrelo ahora