Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
Chapter 119;
မျက်မှန်တပ်ထားသောလူက သူတစ်ခါဆုံဖူးသောကျောက်ကျင့်၏စီနီယာဖြစ်ကြောင်းကို သတိရသော်လည်း၊သူ့နာမည်ကိုမူ ကျန်ချန်မမှတ်မိတော့ပေ။
ကျန်ချန်သည် ကျောက်ခယ်ကိုအသံတိုးတိုးဖြင့်အမြန်မေးလိုက်၏။
"ကျောက်ခယ်,ဒီစီနီယာရဲ့မျိုးရိုးအမည်က.."သို့သော် ကျောက်ခယ်ကပြောသည်။
"ငါက ကျန်းတန်းထုံလည်းအတူတူလာမယ်ထင်တာ။ဘာလို့မလာသေးတာလဲ။"ကျန်ချန် ဆက်မေးလိုက်တယ်။
"ချိန်းထားတဲ့အချိန်မရောက်သေးလို့ပါ။စီနီယာရဲ့အမည်...""ငါ သူ့ကိုဖုန်းဆက်မေးသင့်လား။တကယ်
တော့,သူနဲ့အတူတူလာလို့ရအောင်ငါသူ့ကိုစောင့်လိုက်သင့်တယ်။သူ ငါနဲ့ အတူမလာချင်တာကြောင့်လား။"ကျန်ချန်သက်ပြင်းချလိုက်တယ်။
"ကိစ္စတစ်ခုခုဖြစ်ရင် သူပြောပါလိမ့်မယ်။အဲ့ဒီစီနီယာ.....ယီးပဲ,မမေးတော့ဘူး။"ထိုအခါ ကျောက်ခယ်ကပြောလာ၏။
"ရွှီရှင်းကျီ။""အို..."
ကျန်ချန်ခေါင်းညိတ်လိုက်တယ်။
"ငါက မင်းမကြားဘူးလို့ ထင်တာ။""ငါနည်းနည်းစိတ်လှုပ်ရှားနေလို့။ငါ အထက်
တန်းဒုတိယနှစ်ကတည်းက ကျန်းတန်းထုံ နဲ့ အတူမစားရတော့ဘူး။ငါ့အစ်မက သူအပြင်ထွက်တဲ့အချိန်တိုင်း ငါ့ကို မခေါ်ဘူး။"ကျန်ချန် သက်ပြင်းထပ်ချလိုက်တယ်။
"မိန်းကလေးနှစ်ယောက် ဈေးဝယ်ထွက်ကြတာလေ။မင်းကိုခေါ်သွားလည်းအနှောက်အ
ယှက်ဖြစ်တာကလွဲလို့ဘာမှအကျိုးမရှိဘူး။"ကျောက်ကျင့်ကသူတို့ဆီလျှောက်လာသည်။
"တန်းထုံက ငါ့ဆီဖုန်းဆက်တယ်။ဆယ်မိနစ်နေရင်ရောက်လာလိမ့်မယ်။"ကျောက်ခယ်ကပြန်ပြောလိုက်၏။
"သူ မလာလည်း အဆင်ပြေပါတယ်။"ကျန်ချန် သူ့ကိုကြည့်ဖို့ရန်ခေါင်းကိုဆတ်ခနဲ လှည့်လိုက်ပြီး အသံနိမ့်၍ပြောလိုက်တယ်။
"မင်းရဲ့ ဦးနှောက်ချောင်ချောင်ထဲကအရည်တွေသွားယူခဲ့ဦး။ "
[TN; ဦးနှောက်ထဲမှာ ဦးနှောက်မရှိဘဲ ရေတွေပဲရှိတယ်။]
ČTEŠ
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}
TeenfikceType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -Completed Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^