Part 139 (unicode)

2.7K 490 59
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
Chapter;139

ဤလူအုပ်စုကိုကျန်ချန်လေးစားမိသည်။ကားမောင်း
လာခဲ့သည်မှာနှစ်နာရီနှင့်အထက်ကြာပြီ ဖြစ်ပေမယ့်
သူတို့်အုပ်စုကစကားပြောတာမရပ်သွားပေ။သူတို့က ဆက်ပြီးသီချင်းဆိုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကားမောင်းသူအစ်ကိုအားသိမ်းသွင်းပြီးတော့သီချင်း
ဆိုပြီးနောက်တွင် လူတိုင်းကစားရင်းသောက်ရင်းဖြင့် စကားဆက်ပြောနေလျက်ရှိသည်။

ယခုတစ်ကြိမ်တွင် ကျန်းချီးချီးကြိုတင်စာရင်းသွင်းထားသည့်အခန်းကကားမောင်းသူအစ်ကို၏အိမ်ပိုင်ဖြစ်သောကြောင့်၊ထိုအစ်ကိုကလမ်းတစ်လျှောက်လုံးအလွန်စိတ်အားထက်သန်စွာ သူတို့ကို မိတ်ဆက်ပေးခဲ့သည်။

ကုမြောင်ကကားစီးရမှာကိုမကြောက်ပေမယ့် သိပ်မကြာခင်မှာ သူမကအိပ်ငိုက်လာသောကြောင့် ကုဖေးကသူမကိုပွေ့ချီပြီးနောက်ဆုံးတန်းမှာသိပ်လိုက်၏။

သူကထိုင်ခုံမှာ​ပြန်ဝင်ထိုင်လာသည့်အချိန်တွင်
ကျန်ချန် သူ့ကိုမှီလိုက်တယ်။
"ငါလည်း အိပ်ချင်နေပြီ။"

ကုဖေးက မေးလာသည်။
"မနေ့ကကောင်းကောင်းအိပ်မပျော်ဘူးလား။"

"မသိဘူး။ငါ ကောင်းကောင်းအိပ်ပျော်ခဲ့သလိုခံစား
ရတယ်။ဒါပေမယ့် ခရီးဝေး ဘတ်စ်ကားစီးတိုင်း ငါအိပ်ငိုက်တတ်တယ်။ ကျောင်းတွင်း​ လှုပ်ရှားမှုတွေလုပ်ဖို့ ဘတ်စ် ကားစီးဖူးတယ်။ ဒါပေမယ့် ငါတစ်လမ်းလုံးအိပ်ပြီးလိုက်တာ။"

"ဒါဆို မင်းခဏလောက်အိပ်လိုက်။ မင်းအဲဒီနေရာကိုရောက်ရင် ချက်ချင်းလျှောက်လည်နေတာနဲ့ ပြန်အိပ်ဖို့အချိန်ရှိမှာမဟုတ်ဘူး။"

"ကောင်းပြီ။"
ကျန်ချန် မျက်လုံးမှိတ်လိုက်တယ်။
"ဘာလို့ မင်းလည်း ခဏလောက် မအိပ်တာလဲ?။"

"ကောင်းပြီ။"
ကုဖေးက သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ထို့နောက် နောက်ကြည့်မှန်ထဲမှတစ်ဆင့် ဒီလို လက်သင့််မခံနိုင်စရာမြင်ကွင်းကို ယာဉ်မောင်း မမြင်ရ​ေလအောင် နှစ်ယောက်သား၏လက်အား ကုဖေး၏အင်္ကျီအိတ်ကပ်ထဲသို့တိတ်တဆိတ်ထည့်လိုက်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Kde žijí příběhy. Začni objevovat