Extra- 1 ( unicode )

2.7K 384 36
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Extra 1; သုံးနှစ်ကြာပြီးနောက်

"ကုလောင်ရှီး (ဆရာကု), "
သင်ကြားရေးနှင့်သုတေသနအဖွဲ့ခေါင်းဆောင်
ကုဖေးကိုကြည့်လာသည်။
"မင်း နက်ကတိုင်ဝတ်မယ်လို့ပြောခဲ့တာမဟုတ်လား?။ဒီနေ့, မင်းနက်ကတိုင်ယူလာတာငါတွေ့
လိုက်သလားလို့?။"

"အဲဒီမှာ, "
စားပွဲပေါ်ပစ်တင်ထားတဲ့ လည်စည်းကို ကုဖေး ညွှန်ပြလိုက်တယ်။
"အတန်းမစခင် စည်းထားလိုက်မယ်။ဒီအတိုင်း
စည်းထားရတာအသက်ရှူတောင်မဝဘူး။"

"ခဏနေကျ မမေ့နဲ့နော်။ "
အဖွဲ့ခေါင်းဆောင်ကပြောလာသည်။
"ငါတို့ကျောင်းက ငယ်ရွယ်တဲ့ ဆရာတွေရဲ့
ကိုယ်နှုတ်အမူအရာကိုတခြားကျောင်းတွေ
မြင်ပါစေ။"

"...အိုး"
ကုဖေး လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။

ကုဖေးသည်နက်ကတိုင်ကိုလိပ်ပြီးကုတ်အင်္ကျီ
အိတ်ထဲထည့်လိုက်ပြီး စာသင်ခန်းထဲ ဝင်သွား
၏။

ယနေ့ ,သူ့ရဲ့အစိုးရအတန်းသည်မြို့ထဲတွင်ရှိသော
သုတေသနအတန်းဖြစ်သည်။ ကျောင်းက ယင်းနှင့်ပတ်သတ်၍ အရမ်းအလေးထားသကဲ့သို့ သူ ကိုယ်
တိုင်လည်းအလေးထား၏။ဝါရင့်ဆရာများနှင့် တိုင်
ပင်ပြီးသင်ခန်းစာများပြင်ဆင်ဖို့အတွက်လူအိုကြီးရွှီ ရဲ့အိမ်ကို နှစ်ကြိမ်တောင်သွားခဲ့သည်။အလယ်တန်းနှင့် အထက်တန်းကျောင်းများကမတူညီသော်လည်း အတွေ့အကြုံအချို့ကိုသင်ယူနိုင်သေး၏။

သူစာသင်ခန်းထဲသို့ဝင်သွားလျှင် အတန်းထဲက ကျောင်းသားတွေက ထုံးစံအတိုင်း စားပွဲပေါ်မှာ မှောက်အိပ်နေတာဖြစ်ဖြစ် စားပွဲကိုမှီတွဲနေကာ နောက်စက္ကန့်အတွင်းမှ သွက်ချာပါဒလိုက်သွား
တော့မည့်အတိုင်း တစ်ပုံစံတည်းဖြစ်သည်။

သူသည်စင်မြင့်ဆီသို့လျှောက်သွားကာ "ဘန်း"
ကနဲအသံမြည်အောင် သူ့လက်ထဲမှ အရာများကို စင်မြင့်စားပွဲပေါ်သို့ပစ်ချလိုက်တယ်။

စင်အောက်ရှိသွက်ချာပါဒလိုက်ခါနီးလူများက
လေးတွဲ့စွာရုန်းကန်ရင်း စင်မြင့်ထက်သို့ခေါင်း
မော့လာကြသည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ