Part 142 (unicode)

2.3K 417 23
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ 

Chapter ; 142

ကုမြောင်သည်ညအချိန်တွင်ခြံဝန်းထဲရှိလူတိုင်းစုဝေးနေသောမီးပုံပွဲကဲ့သို့လူထူထပ်တဲ့နေရာများနှင့် လိုက်
လျောညီထွေစွာမပြုမူနိုင်သေးတာကြောင့် သူမသည်အနည်းငယ်စိတ်လှုပ်ရှားနေပြီးထိုနေရာဆီသို့သွားရန်ဆန္ဒမရှိချေ။

ဒါပေမယ့် အသားတော့စားချင်နေဆဲဖြစ်၏။

နောက်ဆုံးတွင်,ကုမြောင်ကသူမကိုယ်တိုင်နေရာ
ရွေးချယ်ပြီး ၊မီးပုံပွဲနှင့်အလှမ်းဝေးတဲ့ မြက်ခင်း
ပြင်ပေါ်တွင် ထိုင်နေစဉ် ကုဖေးက သူမအတွက်
အသားများအထပ်ထပ်အခါခါပို့ပေးခဲ့သည်။

ဤနေရာရှိမီးတောက်များနှင့်စိတ်လှုပ်ရှားပျော်ရွှင်
မှုများသည်  အသားနှင့်မြင်းများရှိနေသရွေ့  သူမအတွက်ဆွဲဆောင်မှုမရှိပေ။

မြင်းတွေက အနားယူနေပေမယ့်...

" တော်တော်ထူးဆန်းတာပဲ။"
ကျန်းချီးချီးရဲ့ကောင်မလေးသည်မေးထောက်
ပြီးသူတို့နှင့်ဆယ်မီတာလောက်ဝေးသောမြက်
ခင်းပေါ်တွင်အမှောင်ထုအားမျက်နှာမူကာတင်
ပျဉ်ခွေထိုင်ပြီး အသားကင်စားနေတဲ့ကုမြောင်
ကိုလှမ်းကြည့်နေ၏။
"သူ(မ)ကို နားမလည်နိုင်ဘူး။"

"ဖြည်းဖြည်းချင်းအချိန်ယူရမယ်။တိုးတက်မှု
ကတော်တော်ကောင်းနေပြီ။မနှစ်ကသူ(မ)ကို
ခေါ်ပြီးအပြင်ထွက်လည်ဖို့ စဉ်းစားလို့တောင်
မရဘူး။ "
ကျန်ချန် အသားဝါးရင်းဖြေလိုက်တယ်။
"နောက်ထပ်လနည်းနည်းကြာရင်* ချန်ကောက အရမ်းချောတာပဲ* ဆိုပြီးသူ(မ)ပြောလိမ့်မယ်။"

ကုဖေးသည် နှုတ်ခမ်းထက်တွင်အပြုံးလေးဖြင့်
သူ့ကို စိုက်ကြည့်လာသည်။

ကျန်ချန် သူ့ကို ပြန်ကြည့်လိုက်တယ်။
"မချောဘူးလား?။"

ကုဖေးက ပြောလာ၏။
"နှုတ်ခမ်းမှာ ဆီအပြည့်ပဲ။"

ကျန်ချန် ကျစ်သပ်လိုက်တယ်။
"အသားစားရင် နှုတ်ခမ်းမှာဆီကွက်မှာပဲလေ။
မရှက်ပါနဲ့ ,စိတ်လွတ်လက်လွတ်စား။ဒါမျိုးက
ကြုံတောင့်ကြုံခဲ...."

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now