Part 125(unicode)

2.8K 611 73
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 125 ;

နှစ်သစ်ကူးမတိုင်ခင်ကြားကာလအချိန်လေးဖြစ်ပေမယ့်၊ကျောင်းရှိလူအားလုံးနီးပါးထွက်ခွာသွားကြပြီးဖြစ်သောကြောင့် နှစ်သစ်ကူးအတွင်းကျောင်းထဲမှာလူသူကင်းမဲ့နေမည့် ထိတ်လန့်တုန်လှုပ်စရာခံစားချက်ကိုခံစားနေရပြီဖြစ်သည်။

အိပ်ဆောင်ထဲတွင် မည်သူမျှမရှိတော့​ေပ။ စားပွဲများကရှင်းလင်းနေပြီးကုတင်များသန့်ရှင်းသပ်ရပ်နေလျှက်ရှိ၏။ကျန်းချီးချီးကလူတိုင်းရဲ့အိပ်ယာကို ဖုန်မှုန့်များကျရောက်ခြင်းမှကာကွယ်ရန်​ ဟောင်းနေသော
သောအခင်းများဖြင့်သေချာဖုံးအုပ်ထားခဲ့၏။

ထိုကဲ့သို့လုပ်ပြီးနောက်မှာ အိပ်ဆောင်က ပိုလို့တောင်အထီးကျန်သွားပုံပေါ်သည်။

ပြတင်းတံခါးအပြင်ဘက်တွင်ဆီးနှင်းပွင့်များတဖွဲဖွဲ
ကျနေလျှက်ရှိ၏။ကျန်ချန်သည်ပြတင်းတံခါးနားမှာရပ်ပြီးအပြင်သို့လှမ်းကြည့်လိုက်၏။အဆောက်အဦးရှေ့ရှိလမ်းမပေါ်တွင်စုံတွဲနှစ်ယောက်မှလွဲလို့ဘယ်သူမှဖြတ်သွားတာမတွေ့ရချေ။ကောင်လေးကကောင်မ
လေးရဲ့ခရီးဆောင်အိတ်ကိုဆွဲ၍ စကားတပြောပြောဖြင့်ထွက်သွားကြသည်။

ကျန်ချန်သည်ပြတင်းပေါက်ကိုဖွင့်ကာ သူ့ဘေးတွင်ရပ်နေသောဖန်းကျိ၏အင်္ကျီအိတ်ကပ်ထဲမှစီးကရက်
ဘူးကိုနှိုက်ကာစီးကရက်တစ်လိပ်ထုတ်၍မီးညှိလိုက်သည်။

"ငါ အဝတ်အစားတွေလုံလုံလောက်လောက်
မယူလာခဲ့ရလိုက်ဘူး။"
ဖန်းကျိသည် မြောက်လေတိုက်ခတ်လာသော
ကြောင့်နှာချေလိုက်၏။
"ငါ မင်းကိုတွေ့ဖို့ ပြန်လာတုန်းက ဝတ်ထားတဲ့ အင်္ကျီကအထူကြီးလေ။"

ကျန်ချန် မေးလိုက်တယ်။
"ဒီတစ်ခေါက် အဲ့အင်္ကျီ မယူလာခဲ့ဘူးလား။" 

"ငါဆယ့်တစ်လပိုင်းအိမ်ကိုပြန်သွားတုန်းကငါနဲ့အတူအဲ့အင်္ကျီပြန်မသယ်လာခဲ့ဘူး။ဘယ်သူက အဲ့ဒီကိုပြန်
သွားချင်မှာလဲ။"
ဖန်းကျိက ဆက်ပြောလာသည်။
"ထားလိုက်ပါ၊ အဆင်မပြေရင် နောက်မှဝယ်
လိုက်မယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}حيث تعيش القصص. اكتشف الآن