7.

6.9K 457 3
                                    

Juicy Fruit - 7

Zawgyi

ည ဆယ်နာရီ ထိုးနေပြီ ဖြစ်သော်လည်း အိမ်ရှင် ဖြစ်သော ရှောင်းကျန့်က ပြန်မလာသေးပါ။ဒါပေမယ့် စောင့်မျှော်နေသူဖြစ်တဲ့ရိပေါ်ကတော့ ပြတင်းပေါက်လေးအနား မတ်တပ်ရပ်ကာ စောင့်မျှော်နေဆဲ ဖြစ်သည်။

သိပ်မကြာခင်မှာပဲ ခြံထဲဝင်လာသည့် ကားမီးရောင်ကြောင့်
ရိပေါ် မျက်လုံးတွေ လင်းလက်သွားသည်။တစ်ပြိုင်နက်တည်း
အခန်းအပြင်ထွက်လို့ ရိပေါ်က ပျော်ရွှင်နေဟန် အူမြူးနေလေသည်။

"အကိုရှောင်း ပြန်လာတယ်?"

ရှောင်းကျန့်က သူ့ အရှေ့၌  ပြုံးပျော်နေဟန် ပေါ်လွင်နေသည့် မတ်တပ်ရပ်နေတဲ့ ရိပေါ်အား အာရုံစိုက်ကာ ကြည့်လိုက်သည်။

"ကိုယ် ပြန်လာရင် ထူးခြားမယ်ဆိုလို့ ကိုယ် ပြန်လာတာလေ…ဘာများ ပျော်စရာရှိလို့လဲ ရိပေါ်ရယ်"

"ကျွန်တော့်မျက်နှာက အဲ့လောက်တောင် သိသာနေတာလား"

ရိပေါ်က မျက်နှာပိုးကို သတ်လိုက်တယ်။
ဒီလူ့ ရှေ့မှာ သူက ဟန်ဆောင်မှုကင်းစွာ နေထိုင်မိတယ်။

"သိသားလွန်းလို့ ဟိုဘက်ကမ်းကိုတောင် လွန်ထွက်နေပြီ ညီငယ်လေးရယ်!"

ရှောင်းကျန့်က ခပ်ဟဟရယ်ကာ အပေါ်ကုပ်ကို ချွတ်ပြီး သူ့ ကိုယ်ပိုင်အခန်းထဲသို့ ဝင်သွားတော့တယ်။သတိထားနေသော
ရိပေါ်ကလည်း ရှောင်းကျန့်နောက်ကို အပြေးလိုက်လို့ သူပါတူတူ အခန်းထဲသို့ ဝင်သွားလိုက်တယ်။

"ရိပေါ်က ဘာလို့ ကိုယ့်အခန်းထဲ ဝင်လာတာလဲ?
မဟုတ်မှ ရိပေါ်က ကိုယ်နဲ့အတူတူ အိပ်ချင်နေတာလား"

ရိပေါ်က ရှောင်းကျန့်စကားအား အောက်နှုတ်ခမ်းအောက်ကို ကိုက်ကာ မျက်ခုံးပင့်ခြင်းဖြင့် ပြန်လည်တုံ့ပြန်လိုက်တယ်။

"အိပ်ချင်တယ်လေ"

"အိုး…ညီငယ်လေးက အကိုနဲ့အတူတူအိပ်ချင်မှတော့ ကိုယ်က ခွင့်ပြုပေးရမှာပေါ့"

ရှောင်းကျန့်က ရိပေါ်အနားကိုလာပြီး ရိပေါ်မေးစေ့ကို လက်ဖျားလေးနဲ့ ပွတ်ဆွဲသွားတယ်။ဒါဟာ တမင်မင်သက်သက်
ရိပေါ်ကို စိတ်လာဆွနေတာ။

Juicy Fruit [ Completed ]Where stories live. Discover now