Juicy Fruit - 6
Zawgyi
အနမ်းတွေက တဖြည်းဖြည်း မွတ်သိပ်လာသည့်အခါ ရှောင်းကျန့်ကိုယ်ကလည်း ရိပေါ်ပေါင်ပေါ်သို့ ခွထိုင်လျက်သားပင်
ဖြစ်လာလေသည်။နှစ်ဦးနှစ်ဖက် ဦးဆောင်အနမ်းတွေဖြင့် အပြန်အလှန် ပြုရင်း
ရိပေါ်လက်တွေကလည်း ရှောင်းကျန့်ကျောပြင်တစ်လျှောက်ကို ပွတ်သပ်လာကာ ခါးအောက်က ဖောင်းနေသော အသားနေရာလေးမှာ အဆုံးသတ်လေသည်။လက်ဖဝါးကြီးကြီးဖြင့် အပေါ်အဝတ်ပေါ်မှ ရှောင်းကျန့်၏ တင်ပါးတွေအား ဆုပ်နယ်လာလေသည်။ရှောင်းကျန့်က ရိပေါ်ပုခုံးကို အနည်းငယ် ဆန်တွန်းလိုက်သော်လည်း ရိပေါ်က ခါးကနေ အရှေ့သို့ ပြန်ဆွဲလေသည်။
"အင့်…ရိပေါ်"
ရိပေါ်က အနမ်းတွေကို ရပ်တန့်လိုက်ပြီး ရီဝေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော သူအား ခေါင်းမော့ကာ ပြန်လည်ကြည့်လိုက်သည်။
"ဗျ"
"ကိုယ်တို့…ကိုယ်တို့ မသင့်တော်ဘူး ထင်တယ်"
"အကိုရှောင်းက ဒီအဆင့်ထိ ရောက်ကာမှ တားချင်နေတာလားဗျ"
ရှောင်းကျန့်က လက်ညိုးထိပ်လေးဖြင့် ရိပေါ်နှာလုံးလေးအား တို့လိုက်သည်။
"ကိုယ်တို့က ဘာတွေသက်ဆိုင်နေလို့ ဒီလိုလုပ်ရမှာလား…
ဟုတ်တယ်ဟုတ်!"ရှောင်းကျန့်က ရိပေါ်ကိုယ်ပေါ်က ဆင်းသွားပြီး အနည်းငယ်စောင်းရွဲ့ နေသာ အဝတ်အစားတစ်ချို့ ကို ပြုပြင်လိုက်လေသည်။
"အခန်းကို ပြန်တော့ ရိပေါ်"
ရိပေါ်က အသာမတ်တပ်ရပ်လိုက်ရင်း ရှောင်းကျန့်အနားသို့
တိုးကပ်သွားလိုက်သည်။"ဟက်…တော်သေးတာပေါ့!
ခင်ဗျားကို ကျွန်တော် အထင်သေးမိတော့မလို့"ရိပေါ်က ခဏတာ ဖြစ်ပေါ်လာသော သာယာမှုကို မေ့လိုက်ပြီး ရှောင်းကျန့်အပေါ် တွေ့ မြင်နေသော စိတ်ထားကို အတည်မှတ်ယူလေသည်။
ရှောင်းကျန့်ကသာ အခန်းထဲမှာ ယောင်ချာချာဖြင့် ရိပေါ် ဘာကို ဆိုလိုချင်မှန်း ချက်ချင်း သဘောမပေါက်နိုင်ခဲ့ချေ။