10.

7K 443 18
                                    

Juicy Fruit - 10

Zawgyi

"အိပ်ပြန်ရအောင်လေ"

ရှောင်းကျန့်က ရိပေါ်ကို ရီဝေဝေဖြင့် ပြန်ကြည့်လာပြီး အတင်းကိုပင် ခေါင်းခါပြလေသည်။ရိပေါ်ကလည်း သောက်ထားတာ များတာကြောင့် ခေါင်းတွေ တရိပ်ရိပ်ဖြစ်နေလေသည်။

"မပြန်ချင်သေးဘူးဆိုလည်း နေခဲ့လေ။အိမ်က ဝေးမှမဝေးတာ။ဒါပေမယ့် ဆက်တော့ မသောက်နဲ့တော့နော်"

"အင်းပါ ရိပေါ်ရဲ့"

ရှောင်းကျန့်က ရိပေါ်ရဲ့ ဖောင်းနေသော ပါးတစ်ဖက်ကို လက်နဲ့ ဆွဲပြီး ခေါင်းတဆက်ဆက် ငြိမ့်ပြလေသည်။

"တကယ် ဆက်မသောက်နဲ့တော့နော်"

"အင်းအင်း။ကိုယ် ကတိပေးတယ်နော်"

"ဒါဆိုရင် ကျွန်တော် ပြန်အိပ်နှင့်တော့မယ်။
ကျွန်တော့်ခေါင်းတွေ တော်တော်မူးနေပြီ"

"ကောင်းပြီ ရိပေါ်။
ကိုယ် ကောင်းကောင်းနေခဲ့မှာမို့ စိတ်ချလက်ချသာ ပြန်အိပ်နေနော်။ဒါပေမယ့်လေ ကိုယ် တစ်ခုပြောဦးမယ် အနားတိုးဦး"

ရှောင်းကျန့်က ရိပေါ်ကို လက်ယက်လေး အနားကပ်ရန် ခေါ်လေသည်။

"ရိပေါ် ကိုယ် ခဏနေရင် ပြန်လာမှာ သိလား"

"အင်း"

"ရိပေါ်ကို ပြောစရာတစ်ခုရှိတယ်။ပြောစရာဆိုတာထက် ဝန်ခံစရာတစ်ခုပေါ့"

ရိပေါ်က မူးနေပေမယ့် ရှောင်းကျန့်ပြောတာကို အနည်းငယ်တော့ ရိပ်မိလိုက်သည်။သူငယ်ချင်းမလေး ရှင်းယန်ကို ဖြတ်ပြီး သူနဲ့တရားဝင်တွဲတော့မည့်အကြောင်း ဖြစ်မည်ဟု သး ထင်သည်။

သူသည်လည်း အစပိုင်းက ရှင်းယန်ကို တကယ်ချစ်သည်ဟု ထင်ခဲ့မိပြီး ထိုလူသားနဲ့စတွေ့ ကတည်းက ထိုလူသားက သူ့ စိတ်ထဲမှာ အချိန်ပြည့်နေရာယူထားသည်။

ထိုလူသားရဲ့ ချောမောမှုတွေကြား သူ ကျရှုံးမိသည်။
သူ့ ကိုယ်သူ မယုံနိုင်ဖြစ်ခဲ့ပေမယ့်လည်း ထိုလူသားနှင့် အနေကြာလာသည့်အခါ သူဟာ ယောကျာ်းလေးတစ်ယောက်ကို မြတ်နိုးနေမိတယ်ဆိုတာ လက်ခံလာရတယ်။

Juicy Fruit [ Completed ]Where stories live. Discover now