3.

7.4K 535 8
                                    

Juicy Fruit - 3

Zawgyi

ညစာ စားပွဲမှာ ရိပေါ်တစ်ယောက် ယောင်လည်လည်ဖြင့်သာ
လူအများကို ငေးမောကြည့်နေမိတယ်။သူ့ ကို ခေါ်လာသည့်
ဆရာရှောင်းကလည်း ဘယ်ပျောက်သွားမှန်းမသိ။

ရှောင်းကျန့်က နိုင်ငံခြားဖြစ် ဈေးကြီးဝိုင်ကို လက်ဖြင့်ကိုင်ရင်း
ရင်းနှီးကျွမ်းဝင်နေသော လူတစ်ချို့ ဖြင့် ရယ်မောကာ စကားပြောနေတာ ဘေးနားမှ ကောင်လေး ဘယ်စားပွဲမှာ ကျန်ခဲ့လည်း သူ မမှတ်မိတော့။

ရှောင်းကျန့်က ဖြတ်သွားဖြတ်လာနေရင်း ကန်ရေပြင်ဘက်ကို အမှတ်တမဲ့ လှမ်းကြည့်မိတယ်။နောက်ကျောပေးရပ်နေသည့်
လူတစ်ယောက်က ကောင်လေးရိပေါ်နဲ့ တူတယ်။

ဒီကောင်လေးက ဘယ်တုန်းက ဝတ်စုံသွားပြောင်းဝတ်လိုက်တာလဲ။ဘယ်ကောင်မလေးတွေကများ ဒီကောင်လေးကို မြှောက်ထိုးပင့်ကော် လုပ်ကာ ပြင်ဆင်ပေးလိုက်လည်း မသိ။

နောက်ကနေ ခြေလှမ်းကို ခပ်ဖွဖွလျှောက်သွားပြီး ကောင်လေးရဲ့ ပုခုံးကို ပုတ်လိုက်သည်။

"ဟေ့ ရိပေါ် တစ်ယောက်တည်း ဘာလုပ်နေတာလဲ!"

ကောင်လေးက သူ့ ကို အံ့သြသည့် မျက်နှာပေးဖြင့် လှည့်ကြည့်လာလေသည်။ထူးတော့ ထူးဆန်းနေသလို။

မျက်နှာပုံစံချင်းတူနေပေမယ့် မျက်နှာပေးချင်းမတူ။
ကောင်လေးရိပေါ်က သူ့ အား ကြည့်လျှင် ရိုသေအားကျသော အကြည့်တစ်ခုရယ်ဖြင့်…။

အခု သူ ရှေ့ကလူ ကြည့်နေသည့်ပုံစံက ဘာလဲ ဇယားလာရှုပ်တာလား။ဝေးဝေးနေ စသည့်စကားမျိုးကို ပြောချင်နေသည့် ဟန်ပန်မျိုး။

ရှောင်းကျန့် မျက်လုံးလေးကို စင်းပြီး ခေတ္တစဉ်းစားလိုက်သည်။အမြွှာညီအကိုတွေများလား!

"ဟို…ရိပေါ်မလားဟင်"

သူ့ ရှေ့က လူက သူ့ အား ပို၍ပင် အားစိုက်ကြည့်လာလေသည်။သူ့ တစ်ကိုယ်လုံးအား ဖောက်ထွင်းမတက် သူ ခံစားနေရလေသည်။

"ကိုယ့်နာမည်က ဝမ်!"

ရှောင်းကျန့်က နောက်သို့ ခြေလှမ်းဆုတ်မိသွားသည်။
သူ ထင်ထားသလို ရိပေါ်မဟုတ်ဘဲ ဝမ်တဲ့။
ရုပ်တွေကလည်း တကယ့်ကိုပင် ချွတ်စွပ်ထားမတက် တူနေလေသည်။

Juicy Fruit [ Completed ]Where stories live. Discover now