Juicy Fruit - 20
Zawgyi
"ရှောင်းလေးက ဘယ်ကို သွားလို့ ကိုယ်တို့က ဘယ်ကို လိုက်သွားရမှာလဲ ရိပေါ်!"
ဝမ်က အိပ်ယာပေါ်က ကမန်းကတန်းထလို့ အတင်းအလျင်လိုနေသည့် ရိပေါ်ကို မေးမြန်းမိသည်။
"အော်...အခြားတော့ မဟုတ်ပါဘူး။
ရှင်းယန်ဆီ သွားတာတဲ့။ဒါ ကျွန်တော်တို့ လိုက်သွားသင့်တယ် မဟုတ်လား""မဟုတ်ဘူးလေ ရိပေါ်။
ရှောင်းလေးက ဘာအကြောင်းနဲ့ သွားမှန်း ကိုယ်တို့မှ မသိတာ။တကယ်လို့ ကိုယ်တို့ လိုက်သွားပြီပဲထား...ရှောင်းလေးက သဘောမတွေ့ ရင် ဘယ်လိုလုပ်မလဲ"ရိပေါ်က ထိုအခါမှ စဉ်းစားနေဟန် ပြုပြီး ဝမ့်စကားအား ခေါင်းငြိမ့်ပြလာလေသည်။
"ဝမ်...ခင်ဗျားပြောတာလည်း ဟုတ်တာပဲ"
"အင်း ရိပေါ်"
"ကျွန်တော်တို့ ဒီကပဲ စောင့်နေကြတာပေါ့"
"ရှောင်းလေးက သေချာပေါက် ပြန်လာမှာပါ။
ဒါ သူ့ အိမ်လေ""ဟုတ်တယ် ပြန်လာမှာ...အကိုရှောင်းဆိုတဲ့ ကျွန်တော့်အချစ်ဆုံးက ဒီအိမ်ကို ပြန်လာမှာ"
ဝမ်က ရိပေါ်အနားတိုးလာပြီး ရိပေါ်အား အထူးအဆန်းပင် ပွေ့ ဖက်လိုက်သည်။
"ရိပေါ် ငါတို့တွေက နာမည်နဲ့ ဖြစ်တည်တာချင်းကလွဲလို့ ချစ်တဲ့သူတောင် အတူတူဖြစ်ခဲ့တာ။တကယ့်ကို သွေးမကွဲတဲ့ ညီအကိုပါပဲ။အခုကစပြီး ရှောင်းလေး ဘယ်သူ့ ကိုပဲ ရွေးချယ်
ရွေးချယ် ကောင်းမွန်စွာပဲ လက်ခံကြရအောင်"ရိပေါ်က ဝမ့်အပြောကို သဘောကျစွာပင် ပြုံးလေတယ်။
မရည်ရွယ်စွာပင် မျက်ဝန်းကျဉ်းလေးမှာ မျက်ရည်တွေ စို့လာတယ်။"ကျွန်တော်က အစကတည်းက အကိုရှောင်းကို ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ခဲ့တာ မဟုတ်ဘူးဗျ။ဒါ့ကြောင့် ခင်ဗျား မပြောခင်ကတည်းက ကျွန်တော်က အတ္တကို ရှင်းခဲ့ပြီးသား..."
"ကိုယ်ကတော့ အတ္တစိတ်တွေ ပါတယ်။
ကိုယ့် အိမ်သားလေးကို ရှောင်းလေးတစ်ယောက်ကိုပဲ ဖြစ်စေချင်တာ။သူက လွဲပြီး အခြားတစ်ယောက်ကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ဒါပေမယ့်...အခုတော့ ကိုယ် အဲ့စိတ်တွေ ဖျောက်ဖျက်ဖို့ ကြိုးစားနေပါတယ်။ရှောင်းလေး ရွေးချယ်တဲ့သူ ဘယ်သူဖြစ်ဖြစ် ကိုယ် လက်ခံနိုင်အောင်!"
