Juicy Fruit - 16
Zawgyi
ဝမ်က ရှောင်းကျန့်အား တွဲပိုးကာ အိမ်ထဲ ဝင်လာတာ တွေ့ တော့ ရိပေါ် ခပ်မြန်မြန်ပင် ကူတွဲလိုက်သည်။
"ကျန့် မူးနေတယ်"
"သောက်လာကြတာလား"
"အင်း"
"အဲ့ဒါ ဒီလောက်ထိ မသောက်ရအောင် ဝမ်က ထိန်းပေးခဲ့ရမှာဗျာ"
"ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ပဲ အတူတူ အဖော်လုပ်ပေးမိတယ်"
"ဆိုးလိုက်ကြတာဗျာ။
ဒီလောက်ထိသောက်တာ ဘာတွေများ စိတ်ညစ်စရာရှိကြလို့လဲ""ကိုယ့်အကြောင်းသူ့ အကြောင်း ရှိတာပေါ့ ရိပေါ်ရ"
ဝမ်နဲ့ရိပေါ် စကားအပြန်အလှန်ပြောအပြီးမှာတော့ ရှောင်းကျန့် အိပ်ခန်းထဲသို့ ရောက်နေကြပြီ ဖြစ်သည်။အိပ်ယာပေါ်သို့ ရှောင်းကျန့်အား ဖြည်းဖြည်းညင်ညင်ချပေးပြီး အတွေးတူနေသည့် နှစ်ယောက်စလုံးက ရှောင်းကျန့်နဖူးလေးကို သပ်တင်ပေးလေသည်။
"ရိပေါ်"
ရှောင်းကျန့်ရဲ့ ခပ်တိုးတိုး ထွက်လာသော အသံလေးက တစ်စုံတစ်ဦးကို ပျော်ရွှင်စေနိုင်သလို တစ်စုံတစ်ဦးကိုလည်း ဝမ်းနည်းစေပါသည်။
ဘယ်သူဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူက ဘယ်အချိန်ဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် ကိုယ့်ကိုပဲ တမ်းတစေချင်တာ သဘာဝပဲလေ။
"ကိုယ် ခေါင်းတွေ မူးလိုက်တာ"
"သံပရာရည်သောက်မလားဗျ"
"အင်း"
ရိပေါ်က ခပ်သုတ်သုတ်ပင် အခန်းအပြင် ထွက်သွားသည်။
ဝမ်တစ်ယောက်သာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ဒါပေမယ့် ရှောင်းကျန့်၏ လက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။ရှောင်းကျန့်က ဝမ့်ဘက်ကို မျက်နှာ လှည့်ကြည့်လာပြီး မျက်လုံးလေးမှေးစင်းကာ ပြုံးပြလာသည်။အနီးအနားမှာ ထိုပုံလေးအား ဖမ်းယူထားနိုင်သည့် စက်ရှိရင် သူ အလှပဆုံး ရိုက်ထားမိမှာ။
ဒီအပြုံးလေးဟာ သူ့ အတွက် ရည်ရွယ်တာမို့လို့…။
"ဝမ်"