Juicy Fruit - 12
Zawgyi
ဗိုလ်ကြီးဝမ်က အိပ်ယာက နိုးလာတယ်။
နေရောင်ခြည် သိပ်မတွေ့ ရသေးတော့ မနက် ငါးနာရီ ပတ်ဝန်းကျင်လောက်ပဲ ရှိဦးမယ် ထင်ပါ့။ဘေးနားက အိပ်နေသည့် ကောင်လေးကလည်း သူ ပေးထားသော အမှတ်ရာလေးများဖြင့် လှချင်တိုင်းပင် လှနေလေသည်။
ခေါင်းလေးကနေ ဖြည်းဖြည်းမလို့ သူ့ လက်မောင်းပေါ် တင်လိုက်သည်။နဖူးပေါ် ဝဲကျနေသော ဆံနွယ်လေးတွေကို ဖယ်ပေးလိုက်ပြီး ထိုနေရာလေးအား မြတ်နိုးစွာပင် နမ်းရှိုက်လိုက်သည်။
"ချစ်လိုက်တာ"
လက်မောင်းပေါ် အိပ်နေသည့် အလှလေးက သူ့ ရင်ခွင်ထဲထိသို့ပင် တိုးကပ်လာလေသည်။ကလေးလေးတွေလိုမျိုး တအင့်အင့်ဆိုပြီး အသံထွက်နေသေးသည်။ဝမ်က ချစ်လွန်းတာကြောင့် တင်းတင်းကြပ်ကြပ်ကို ဖယ်တွယ်ထားလိုက်သည်။သူလည်း တစ်ဖန် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားလေသည်။
******
"ခင်ဗျား!!
ဘယ်သူ့ အခန်းကို ရောက်နေတာလဲ"အသံစူးစူးလေးကြောင့် ဗိုလ်ကြီးဝမ် လန့်နိုးသွားလေသည်။
စောင်လေးကို ရင်ဘတ်ပတ်လို့ အော်နေသည့် ကောင်လေးက မထင်မှတ်ထားသော အရာကို တွေ့ နေသလိုပင် အော်နေတာ ဖြစ်သည်။"ဘာလို့ အော်နေတာလဲ ကလေးလေးရာ!
ကိုယ် ဒီမှာ အိပ်နေတယ်လေ""ဘယ်လို…ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တယ်?"
ရှောင်းကျန့်က သူ့ ကိုယ်သူ လက်ညိုးထိုးပြပြီး အံ့သြစွာ မေးနေလေသည်။
"ကိုယ်ခေါ်တာ ဘာမှားလို့လဲ"
"ဘယ်လိုခေါ်လိုက်တာလဲလို့!"
"ကလေး…အင်း ကိုယ့်ရဲ့ ကလေးလေးလို့ ခေါ်လိုက်တာလေ"
"ခင်ဗျား…ခင်ဗျားရိပေါ်မဟုတ်ဘူး!!
ဟို ကြောက်ဖို့ကောင်းတဲ့သူကြီး""အင်း ဟုတ်တယ်။
ကိုယ်က ဝမ်!""ဒါဆို ညက…ညက ကျွန်တော် ခင်ဗျားနဲ့…"
"အင်း ဟုတ်တယ်လေ"
ရှောင်းကျန့်က စိတ်ပျက်စွာပင် မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်ပြီး ခေါင်းငုံလိုက်သည်။သူမှားပြီ…ရိပေါ်အပေါ် သူ မှားမိပြီ။