"In front of City Hall at The Subway Station" from Hospital Playlist
Unicode
"ရှောင်းကျန့်!?"
ဘာလို့လဲ... ပေကျင်းကိုပြန်မလာဖြစ်တာ ကြာပြီလေ... ကံတရားကကျွန်တော်တို့ကို ပြန်ဆုံတွေ့ခွင့် ပေးချင်သေးလို့လား... စကားလုံးကြမ်းကြမ်းတွေသုံးပြီး သူ့ကိုထားရစ်ခဲ့တာ... အခုလိုပြန်တွေ့တော့ ကျွန်တော်ဘယ်လိုစကားလုံးတွေသုံးပြီး နှုတ်ဆက်ရမလဲ...
ကိစ္စတစ်ခုအတွက် ချိန်းလိုက်မိတာက တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှလား... သူ့အိမ်နဲ့နီးတဲ့နေရာ... ကျွန်တော်တို့အမှတ်တရတွေ ရှိခဲ့တဲ့နေရာ...
ကိုယ်တိုင်လည်းမသိတော့ဘူး... ဒီနေရာမှာ ပြန်ဆုံမယ်လို့ မထင်ထားမိတာလား... ပြန်ဆုံတွေ့ပါစေလို့ မျှော်လင့်နေမိတာလား...💭💭 ရိပေါ်... အကို့အိမ်ကိုလာရင် ရထားစီးလာတာပိုအဆင်ပြေတယ်... မြို့တော်ခန်းမနားက ဘူတာရုံမှာဆင်းလိုက်... အကိုလာကြိုပေးမယ်
💭💭 ဝမ်လေး... အေးနေပြီလား... အဲ့တာကြောင့် လာမကြိုပါနဲ့ပြောတာကို
💭💭 ကလေးလေး... ပြန်လာမယ်ကြိုပြောရင် ကိုယ် လာကြိုပေးမှာပေါ့... အခုရထားစီးလာရတာ ပင်ပန်းနေပြီလား
"ရိပေါ်... ဒီကိုဘာလာလုပ်..."
"ပါပါး! ရှောင်းပါပါး! သားတို့ကို ရေခဲမုန့်ဝယ်ကျွေးမယ်ဆို... ဝယ်ပြီးပြီလား"
"အင်း... ဒီမှာ သားတို့အတွက်...
ရိပေါ်... နေကောင်းတယ်မဟုတ်လား... အလုပ်ရော အဆင်ပြေရဲ့လား""အင်း"
"ဒီကို အလုပ်ကိစ္စရှိလို့လား"
"အင်း"
"ရိပေါ် ... ကိုယ်..."
"ရိပေါ်... ရောက်တာကြာပြီလား... ငါနည်းနည်းနောက်ကျသွားတယ်...
ဪ.. အသိနဲ့ တွေ့နေတာလား""အင်း... အကို သူက ပိုင်ဟွား... ပိုင်ဟွား ဒါ အကိုရှောင်းကျန့်"
"အကိုရှောင်းကျန့်? ရိပေါ် နင်..."
"တွေ့ရတာဝမ်းသာပါတယ် ညီမ.. အကို ကိစ္စလေးရှိလို့ အရင်ပြန်နှင့်မယ်... သားတို့ သွားမယ်"
YOU ARE READING
Aloha!