🍁🍀

140 9 0
                                    

Unicode

သို့/
ချစ်သောကလေးငယ်
လေလှိုင်းကြားမှာ အစပျိုးခဲ့တဲ့ သံယောဇဉ်ကြိုးကလေးက ကြားခံနယ်အမျိုးမျိုးကို ဖြတ်သန်းလို့ ပိုမိုခိုင်မြဲတဲ့ ချစ်ခြင်းတရားတွေအဖြစ် အထပ်ထပ်ရစ်နှောင်ခဲ့ပြီ... ပြက္ခဒိန်ထက်က ကိန်းဂဏန်းတွေ တရွေ့ရွေ့ပြောင်းနေသလို ကိုယ်တို့်ရဲ့ ချစ်ခြင်းနာရီတွေကလည်း တဖြည်းဖြည်း ပိုမိုများပြားလာခဲ့ပြီ...
ချစ်သောကလေးငယ်ရေ... ကိုယ်တို့ဝေးခဲ့ရတဲ့အချိန်တွေမှာ ကလေးငယ်အကြောင်းတွေးရင်း ကိုယ့်ရဲ့အားလပ်ချိန်တွေ ကုန်ဆုံးခဲ့တယ်ဆိုတာ ယုံကြည်နိုင်မလား ကလေးငယ်...
တယောက်နဲ့တယောက် မြတ်နိုးခြင်းတွေကို ဖုံးကွယ်ထားမိပြီး ချစ်ရသူကို အောင်မြင်စေချင်တဲ့ဆန္ဒကြောင့် ကိုယ်တွေမဝေးသင့်ဘဲ ဝေးခဲ့ရတယ်... မလွမ်းသင့်ဘဲ လွမ်းခဲ့ရတယ်လေ...
တကယ်ဆို အောင်မြင်ခြင်းဆိုတဲ့အရာထက် ပျော်ရွှင်ခြင်းဆိုတဲ့အရာက ပိုအရေးပါတယ်ဆိုတာ အခုချိန်မှာ ကိုယ်တို့နှစ်ယောက်လုံး နားလည်နေကြပြီမို့
ကလေးငယ်... လက်လွှတ်ဖို့မကြိုးစားလိုက်ပါနဲ့... ကိုယ့်ရဲ့နှလုံးသားနှောင်ကြိုးနဲ့ ရစ်ဖွဲ့ထားတာမို့ ဒီနှလုံးခုန်သံမရပ်သရွေ့ ကိုယ်တို့ရဲ့တွဲလက်တွေ မြဲနေကြပါစို့ ကလေးငယ်ရယ်... 💚

သို့/
မြတ်နိုးရပါသောအကို
ရာသီတွေအလီလီပြောင်းလို့ ကျွန်တော်တို့တွေလည်း အသက်အရွယ်တွေရလာကြပြီ... ရင့်ကျက်တည်ငြိမ်ရမယ့် အသက်အရွယ်ကိုရောက်လာပေမယ့် အကိုရဲ့ရင်ခွင်မှာ ကလေးလေးတစ်ယောက်လို မှီခိုခွင့်ရနေတဲ့အတွက် ကျွန်တော်ပျော်ရွှင်ရပါတယ် အကို...
ဆောင်း နွေ မိုး ဆိုတဲ့ ဥတုသုံးလီက အချိန်စက်ဝန်းတလျောက် မရပ်တန့်ဘဲရွေ့လျားနေသလို ကျွန်တော့်ရဲ့ချစ်ခြင်းတွေကလည်း အကို့အတွက် အမြဲရှင်သန်နေမှာပါ...
မြတ်နိုးရပါသော အကိုရေ... ရာသီတွေပြောင်းလဲနေသလို ကျွန်တော်ရဲ့ချစ်ခြင်းတွေကလည်း ပြောင်းလဲနေပါတယ်လို့ဆိုမိရင် အကိုတော့ဖြင့် အံ့သြသွားလေမလား...
တကယ်ပါ အကို... ကျွန်တော်ရဲ့ချစ်ခြင်းတရားတွေက ပြောင်းလဲနေတတ်တယ်...
အကိုဝမ်းနည်းနေချိန်မှာ အကို့ကိုအားပေးနှစ်သိမ့်ပေးနိုင်မယ့် မိခင်တစ်ယောက်လိုချစ်ခြင်းမျိုး
အကိုပင်ပန်းလာချိန်မှာ အားအင်တွေဖြည့်ဆည်းပေးမယ့် ဖခင်တစ်ယောက်လိုချစ်ခြင်းမျိုး
အကိုအထီးကျန်ချိန်မှာ အဖော်ပြုပေးမယ့် သူငယ်ချင်းတစ်ယောက်လိုချစ်ခြင်းမျိုး
အကိုပျော်ရွှင်ချိန်မှာ အတူပျော်ရွှင်ပေးမယ့် ညီငယ်တစ်ယောက်လိုချစ်ခြင်းမျိုး
အကိုရဲ့လိုအင်ဆန္ဒတွေကို ပါရမီဖြည့်ခွင့်ရမယ့် ချစ်သူတစ်ယောက်လိုချစ်ခြင်းမျိုး
ဒီလိုချစ်ခြင်းတရားတွေနဲ့ အကို့အနား ထာဝရအဖော်ပြုရင်း ဒီတွဲလက်တွေမြဲစေဖို့ ကြိုးစားပါရစေ...
ခွင့်ပြုပါတော့အကို... ❤

Aloha!Where stories live. Discover now