Thanks a lot XZ's Studio for these lovely photos...
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
Unicode
"Happy birthday...
စိတ်ချမ်းသာစရာတွေ ပြည့်ဝမယ့်နှစ်သစ်လေး ဖြစ်ပါစေ အကို""ဝမ်လေးနဲ့အတူရှိနေရရင် ဒီဆုတောင်းက အလိုလိုပြည့်ပြီးသားပဲကို"
"ကျွန်တော်ဆုတောင်းပေးတာဆိုတော့ အကိုပိုပြီး ပျော်ရွှင်ရတာပေါ့ မဟုတ်ဘူးလား"
"ဟုတ်ပါ့ဗျာ... ကိုယ့်ရဲ့ကလေးလေးကိုယ်တိုင် ဆုတောင်းပေးမှတော့ ဒီဆုလေးက ပိုပြီးပြည့်ဝသွားတာပေါ့"
"အကိုလည်းဆုတောင်းဦးလေ... ဒါက ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ ကိတ်ကလေးကို"
"ဒါနဲ့... အခုတလော ဒီနေရာကို ခဏခဏရောက်ဖြစ်နေသလိုပဲနော် ခွေးပေါက်လေး"
"ဘာလဲ... အကိုက ဒီရွာလေးကို မလာချင်တော့ဘူးလား... ကျွန်တော်က ဒီနေ့က ကျွန်တော်တို့ရဲ့အမှတ်တရနေ့လေးမို့ ဒီလိုအမှတ်တရရှိတဲ့နေရာကို လာတာလေ"
"မလာချင်ပဲရှိပါ့မလား ကလေးရဲ့... ဖြစ်နိုင်ရင် ဒီကိုတောင် အပြီးပြောင်းလာနေချင်တာ"
"အဲ့တာဆို ကျွန်တော်တို့ ဒီမှာပဲ အခြေချကြမလား ကိုကို"
"ကလေးအလုပ်ကရော... ဒီနေရာကနေ ဝမ်လေးအလုပ်ကို သွားလာရအဆင်မပြေဘူးလေ"
"ကိုကို... ကျွန်တော့်ကို မဆူနဲ့နော်
ဟို... ကျွန်တော်... တကယ်တော့ ကျွန်တော်...""ဘာလို့စကားတွေ ဒီလောက်ထစ်နေရတာလဲ ကလေး... ဘာမဟုတ်တာတွေ လုပ်ထားပြန်ပြီလဲ"
"မဟုတ်တာလုပ်ရအောင် ကျွန်တော်က ကလေးလား... လွန်ခဲ့တဲ့၂လကပဲ ၂၉နှစ်ပြည့်ပြီးပြီလေ"
YOU ARE READING
Aloha!