Unicode
📻 အားလုံးပဲ မင်္ဂလာပါ... ဒီနေ့ရဲ့ Love letter for you အစီအစဉ်လေးကနေ ကြိုဆိုပါတယ်ခင်ဗျာ... ဒီနေ့အစီစဉ်မှာ ကျွန်တော်တို့ ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့သူတစ်ယောက်ကို ဖိတ်ခေါ်ထားပါတယ်... သူကတော့... ... ... ... ...
အခု Love letter for you ဆိုတဲ့ အစီအစဉ်လေးကို နှစ်ပေါင်းများစွာ ဦးဆောင်ပေးခဲ့တဲ့ RJ Wang ပဲ ဖြစ်ပါတယ်ခင်ဗျား.....
RJ Wangရေ မင်္ဂလာပါဗျာ🎙 ဟုတ်ကဲ့ မင်္ဂလာပါ... ပရိတ်သတ်ကြီး အားလုံးလည်း မင်္ဂလာပါဗျာ...
📻 ဒီနေ့က RJ Wangရဲ့ မွေးနေ့မဟုတ်လား... မွေးနေ့ကစလို့ ပျော်ရွှင်စရာနှစ်တစ်နှစ်ဖြစ်ပါစေ RJ Wangရေ...
🎙 ကျေးဇူးတင်ပါတယ်ဗျာ... ဒါဆို ကျွန်တော်တို့ အစီစဉ်လေး စလိုက်ကြတော့မလား
📻 အစီစဉ်မစခင် RJ Wangကို မေးစရာလေးရှိသေးတယ်ခင်ဗျ
🎙 ဟုတ်ကဲ့... မေးပါဗျာ
📻 ဒီအစီစဉ်လေးကို RJ Wangကိုယ်တိုင် စဉ်းစားတင်ဆက်ခဲ့တာဆို... ဒီအစီစဉ်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေရှိမှာပေါ့... ပရိတ်သတ်ကြီးရော ကျွန်တော်ရော အဲ့ဒီအမှတ်တရလေးတွေကို သိချင်လို့ ပြောပြပေးနိုင်မလား
🎙 အင်း~~ ဒီအစီစဉ်လေးက လွန်ခဲ့တဲ့ ၁၀နှစ်လောက် ကျွန်တော်အလုပ်ဝင်ခါစမှာ စခဲ့တဲ့ အစီစဉ်လေးပါ... အဲ့ဒီတုန်းက အလုပ်ဝင်တာမကြာသေးတဲ့အချိန်မှာ Programအသစ်စီစဉ်မှာမို့ ဌာနကဝန်ထမ်းတွေအားလုံး programအတွက် ideaနဲ့ ဇာတ်ညွှန်းအကြမ်းရေးလာရမယ်ဆိုတာက စတာပါပဲ... လုပ်ငန်းလည်းမကျွမ်းကျင်သေးတဲ့အချိန် စိတ်ကူးထဲပေါ်လာတဲ့ အကြောင်းအရာလေးကို ရေးလိုက်ပေမယ့် ဌာနမှူးက ဒီideaကို သဘောကျပြီး ကျွန်တော်ရယ် စီနီယာZhouရယ်ကို အတူတူလုပ်ဖို့ တာဝန်ပေးလိုက်တာ... အဲ့ဒီကစလို့ ဒီနေ့ထိ ဒီအစီစဉ်လေး အကောင်ထည်ပေါ်နေသေးတာပါပဲ...
📻 ဒီအစီစဉ်က သက်တမ်းလည်း ၁၀နှစ်နီးပါးရှိပြီပေါ့နော်
🎙 ဟုတ်တယ်ဗျ... အစီစဉ်စလုပ်တုန်းက ပရိသတ်တွေက လက်ရေးနဲ့ စာတွေရေးပြီး အသံလွှင့်ဌာနကိုပို့ကြတယ်... သူတို့ရဲ့သက်ဆိုင်သူတွေ ကြားနိုင်အောင် ကျွန်တော်တို့ကဖတ်ပြပေးတယ်... နောက်ပိုင်း သူတို့ခံစားချက်နဲ့ လိုက်ဖက်မယ့်သီချင်းလေးတွေပါ ထည့်ပေးဖြစ်တယ်... အခုတော့ အွန်လိုင်းchannelတွေပါ ခေတ်စားလာတော့ လက်ရေးမူနဲ့စာတွေအစား အင်တာနက်ပေါ်ကနေပဲ messageတွေပို့လာကြတော့တာပေါ့...
ESTÁS LEYENDO
Aloha!