"Aloha" from Hospital Playlist
Unicode
🎙မင်္ဂလာပါခင်ဗျာ... အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ Music and Love အစီအစဉ်လေး တင်ဆက်မယ့်အချိန် ပြန်လည်ရောက်ရှိလာပါပြီ... RJ Wang ကို သတိရပေးမယ့်သူများရော ရှိသေးရဲ့လားဗျ... အခုချိန်ဟာ သာယာတဲ့နွေဦးကာလလည်း ကုန်ဆုံးပြီး နွေးထွေးတဲ့နွေရာသီကို ရောက်တော့မှာဆိုတော့... ပရိတ်သတ်ကြီးခင်ဗျားးး နွေရာသီရဲ့အမှတ်တရလေးတွေနဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေများ မတောင်းဆိုချင်ဘူးလားဗျာ... ကဲ... လူကြီးမင်းတို့ရဲ့ တယ်လီဖုန်းလေးတွေကို အသင့်ပြင်ထားပြီး ကျွန်တော်တို့ရဲ့ Music and Love အစီစဉ်ကို အမြန်ဆုံးဆက်သွယ်လိုက်ကြရအောင်လားဗျာ
☎ ဟယ်လို
🎙ဟုတ်ကဲ့ Music and Love က ကြိုဆိုပါတယ်ဗျာ... ဘာသီချင်းလေးများတောင်းမလဲ ခင်ဗျ
☎ Westlife ရဲ့ I Wanna Grow Old with You တောင်းချင်ပါတယ်
🎙.....
☎ ဟယ်လို... ဟယ်လို
🎙အာ... ဟုတ်ကဲ့... တောင်းဆိုထားတဲ့သီချင်းလေးကို ဖွင့်ပေးလိုက်ပါမယ်... အကိုရဲ့ နာမည်လေး မိတ်ဆက်ပေးပါဦးလားဗျ
☎ Sean ပါ... ဒီသီချင်းကို ကျွန်တော့်အဝေးမှာရောက်နေတဲ့ ကျွန်တော့်ချစ်သူကို နားထောင်စေချင်လို့ပါ... RJ Wangလည်း ဒီသီချင်းလေးနားထောင်ရင်း ပျော်ရွှင်ပါစေနော်
🎙ဟုတ်ကဲ့ပါဗျာ... ဒါဆို ကျွန်တော်တို့အားလုံး အတူတူနားထောင်လိုက်ရအောင်နော်
"ရိပေါ် အဆင်ပြေရဲ့လား"
"ဟုတ်... အဆင်ပြေပါတယ် စီနီယာ... ကျွန်တော် နောက်ထပ်ဖုန်းတွေ လက်ခံလိုက်ဦးမယ်နော်"
အကို ရက်စက်လွန်းတယ်နော်... အကို့ချစ်သူအတွက် သီချင်းကို ကျွန်တော့်ဆီမှာ လာတောင်းရက်တယ်နော်... ပြီးတော့ ဘာလို့ ဒီသီချင်းမှလည်း အကိုရယ်... ကျွန်တော် ဘယ်လိုအင်အားနဲ့ ဒီသီချင်းကို နားထောင်ရမှာလဲ...
.
.
ကလေးလေး... ကိုယ့်ကိုချန်ရစ်ခဲ့တဲ့ မင်းလေးကို အပြစ်တော့ နည်းနည်းလေးပြန်ပေးရမှာပေါ့... ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်ဘဝတလျှောက်လုံး မင်းလေးကိုကာကွယ်ပေးရင်း ကိုယ့်အပြစ်တွေကို ပြန်ကျေအောင်ဆပ်ပေးပါ့မယ် ကလေးရယ်...
ESTÁS LEYENDO
Aloha!