Merry X'mas

143 10 0
                                    

Unicode

"¡Feliz navidad! အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် RJ Wangရဲ့ Station 108.5မှ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျာ...
ကျွန်တော်တို့ မတွေ့ဖြစ်တာကြာပြီနော်... RJ Wangကို မေ့‌သွားကြပြီထင်တယ်... တကယ်မေ့သွားခဲ့လည်း ကိစ္စမရှိပါဘူး... အားလုံးကိုပစ်ထားခဲ့တာ ကျွန်တော်ဖြစ်နေတာကိုး...
ဒီအတောအတွင်း ခင်ဗျားတို့တွေရော ကျန်းမာနေကောင်းကြရဲ့လား... ကျွန်တော်ကတော့ နေကောင်းပါတယ်... ကျွန်တော့်ကိုကိုလည်း ကျန်းခံ့သာလို့ မာပါရဲ့ဗျာ... ဒီရက်ပိုင်းထဲရာသီဥတုအေးလာတာမို့ ကျန်းမာရေးဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေကြဖို့ မမေ့နဲ့နော်...
အင်း... မတွေ့တာကြာပြီဆိုတော့ ဘာပြောရမလဲတောင် မသိတော့ဘူး...
အာ... ကျွန်တော်အခုကော်ဖီဆိုင်လေး ဖွင့်ထားတယ်... ကိုကိုလည်းအလုပ်ကထွက်ပြီး ကျွန်တော့်ကို ဝိုင်းကူပေးတယ်... ဆိုင်အလုပ်တစ်ဖက်နဲ့ဆိုတော့ ဒီChannelလေးကို လှည့်တောင်မကြည့်ဖြစ်တော့ဘူးလေ... ဟား ဟား စတာပါဗျာ... အလုပ်တွေများနေလည်း ကျွန်တော့်ပရိသတ်ကြီးကိုတော့ အမြဲသတိရနေပါတယ်... နောက်ပြီး ညနေပိုင်းဆိုင်ပိတ်ပြီးလို့ အိမ်ပြန်ရောက်ရင် ခြံထဲကစိုက်ခင်းလေးကို ရေလောင်းပေါင်းသင်လုပ်ရသေးတယ်လေ... ကိုကိုကြိုက်တဲ့ ပန်းပင်လေးတွေရယ် စားပင်သီးပင်နည်းနည်းရယ် စိုက်ထားတာလေ... အပင်လေးတွေ သီးပွင့်လာတဲ့အချိန်ဆို အိမ်နီးချင်းတွေကိုဝေပေးလို့ ရတာပေါ့...
ပြီးတော့ အိမ်မှာ ကြောင်လေးတစ်ကောင်နဲ့ ခွေးလေးတစ်ကောင် ‌မွေးထားသေးတယ်... သူတို့"

"ကလေးရေ!!! ညနေစာစားချိန် ရောက်ပြီလေ!!! အခန်းထဲမှာလား"

"ကိုကိုရေ!!! ကျွန်တော်အသံသွင်းနေတယ်ဗျ!!!"

"အယ်... ဆောရီး! ကိုကို့ကြောင့် အစကနေ ပြန်အသံသွင်းရတော့မှာလား"

"ဟင့်အင်း... သူတို့လည်း ကိုကို့အသံကို နားထောင်ချင်မှာပဲလေ... လာပါဦး ကျွန်တော့်ကိုကိုရဲ့... ကျွန်တော့ချစ်ပရိသတ်ကြီးကို နှုတ်ဆက်ပေးပါဦး"

"အာ... အဟမ်း... ကျွန်တော်ရှောင်းကျန့်ပါ... ဝမ်လေးရဲ့အမျိုးသားပါ... အဟမ်း... ကျွန်တော့်ကလေးလေးကို ချစ်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ... ကျွန်တော်လည်း တချိန်က အားလုံးလိုပဲ RJ Wangရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့တာပေါ့... ကျွန်တော်တို့မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်မရခင်တည်းက RJ Wangရဲ့အသံချိုချိုလေးကို စွဲလမ်းခဲ့ရတဲ့သူပါ... အခုတော့ ဒီidolလေးကို ပိုင်ဆိုင်ခွင့်ရနေတာမို့ ပရိသတ်ကြီးအားလုံးထက် ကံကောင်းတဲ့ကျွန်တော်က အခုလို နှုတ်ဆက်စကားပြောခွင့်ရတာမို့ အများကြီး အများကြီး ဝမ်းသာပါတယ်လို့ ပြောပါရစေ"

Aloha!Where stories live. Discover now