ဒီနေ့ Himalaya appရဲ့ videoကိုတွေ့ပြီး အရမ်းတွေသဘောကျနေလို့ ...
ဖတ်မယ့်သူမရှိလည်း ပုံလေးတွေသိမ်းထားချင်တာမို့ တင်လိုက်မိပြီ ...❣❣❣❣❣❣❣❣❣❣❣❣❣❣❣
"အကို... ဒီတပတ် စနေတနင်္ဂနွေ အလုပ်အားလား""အားတယ်လေ ကလေး... ဘာလို့လဲ"
"ဒီတပတ်ကို ကျွန်တော်ခွင့်ယူပြီး ခရီးသွားကြမလားလို့"
"အင်း... ကိုယ်တို့ပြန်ဆုံပြီးတည်းက သေချာ Dateမလုပ်ရသေးတာ... သွားကြမယ်လေ... ကလေး ဘယ်ကိုသွားချင်လဲ"
"ဟိုတခါ ကျွန်တော်မွေးနေ့တုန်းက သွားတဲ့ရွာလေးလေ... အကို မှတ်မိလား"
"ဘယ်ရွာလဲ... ခွေးပေါက်လေးတယောက်ကို ချစ်တယ်ပြောမိတဲ့ နေရာလား"
"အကိုနော်... လူကိုများ ခွေးပေါက်လေးတဲ့... ဟုတ်တယ်! ဟုတ်တယ်! လူပျိုကြီးတယောက်ပြောချင်ရာတွေပြောပြီး အဖြေမတောင်းဘဲ အူကြောင်ကြောင်လုပ်သွားတဲ့ နေရာ"
"ဟားဟား... ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးရာ... စိတ်မကောက်နဲ့... အဲ့ဒီရွာလေးကို ကိုယ်လည်း သတိရနေတာ... ကိုယ်တို့အချစ်တွေ စခဲ့တဲ့နေရာလေးပဲ... သွားကြမယ်လေ"
"အင်း... အဲ့ဒီတုန်းက ကျွန်တော့်သူငယ်ချင်းညွှန်လိုက်တာလို့ ပြောခဲ့တယ်မဟုတ်လား... အခု သူက အဲ့ဒီရွာလေးနားမှာ တည်းခိုခန်းလေး ဖွင့်ထားတယ်တဲ့... ပြီးတော့ ဒီ၁၀နှစ်အတွင်းမှာ ရွာလေးက တိုးတက်လာတာ.. မြို့အသေးလေးလိုတောင် ဖြစ်နေပြီတဲ့ ကိုရဲ့... အဲ့တာကြောင့် ကျွန်တော်က တခါလောက် သွားလည်ချင်တာ"
"အင်း... ကလေးအလုပ်က အဆင်ပြေတယ်ဆို သွားကြမယ်လေ"
"OK!!! ဒါဆို သောကြာနေ့ညနေ အဲ့ကိုသွားကြမယ်... စနေနေ့ တနေကုန်လျှောက်လည်ပြီး တနင်္ဂနွေနေ့မှ ပြန်လာကြမယ်လေ... နော် အကို"
"ဟုတ်ကဲ့ပါဗျာ... ဟောဒီက ကလေးပေါက်စီစဉ်တဲ့အတိုင်းပါ"
"အကို!! ကျွန်တော့်အသက် ၃၀ပြည့်တော့မှာပါနော်... အကိုနဲ့စတွေ့ခါစလို ကလေးပေါက်စ အဟုတ်တော့ဘူးဗျ"
"မသိဘူးကွာ... ကိုကို့မျက်စိထဲတော့ ကလေးက အမြဲကလေးပေါက်စပဲ... ချစ်စရာကောင်းတဲ့ ကိုကို့ရဲ့ RJ Wangလေးပဲ"
KAMU SEDANG MEMBACA
Aloha!