ဒီနေ့က ဘဝရဲ့ ပြသာဒါးတွေထဲက ပြသားဒါးနေ့။
တစ်လလောက် ကြိုးစားပန်းစားဆွဲထားတဲ့ Yaoi Webtoon စာမူက ထုံးစံအတိုင်း အငြင်းခံခဲ့ရတယ်။ ရိုးနေပြီ ဖြစ်ပေမဲ့ မရိုးတာ စိတ်ဓာတ်ကျခြင်း။
တက္ကသိုလ်တက်နေရင်း တစ်ဖက်ကနေ ဝါသနာကို အကောင်အထည်ဖော်နေတဲ့ သူ့အတွက် ကံကြမ္မာက မျက်နှာသာ မပေးတာလား။ သူ ကိုယ်တိုင်က ဒီအလုပ်မှာ စန်းမရှိတာလား။ သူ ကြိုးစားပမ်းစား ဆွဲပြီး စာမူတွေ သွားပြတိုင်း ပြန်ကြားရတဲ့ စကားက ဆိုလိုရင်း တစ်ခုတည်း။
"မင်းက လက်ရာလေးက မဆိုးပါဘူး... ဒါပေမဲ့ ပျင်းစရာကြီး"
"မဆိုးပါဘူး... ဒါပေမဲ့ စိတ်ဝင်စားစရာ မကောင်းဘူး"
"ကြိုးစားပါဦး... တစ်ခုခု လိုနေတယ်"
လိုနေတဲ့ တစ်ခုခုက ဘာလဲဆိုတာ တကယ်တော့ သူလည်း သိတယ်။ သူ ဆွဲတဲ့ Yaoi ဇာတ်လမ်းတွေမှာ လိုအပ်နေတာက ပြင်းရှရှ အချစ်။ တစ်နည်းအားဖြင့် ပြောရရင် ၁၈ နှစ်အထက် ဖတ်ရမဲ့ တောက်လောင်နေတဲ့ အချစ်ခန်းလေးတွေပေါ့။
ဒါပေမဲ့ ခက်တာက သူ့မှာ လူမှန်းသိတတ်စကတည်းက အခုချိန်ထိ တောက်လောင်ဖက်ဆိုလို့ သူ့လက်ငါးချောင်းသာ ရှိတာဆိုတော့ ဒီလိုအခန်းကို ပြောင်မြောက်အောင် ဆွဲဖို့ ဈာန်မဝင်နိုင်တာ ပြသာနာ။
ဒီလိုနဲ့ အချိန်တွေ ကုန် မျက်မှန်ပါဝါတွေ တိုးလာတာက လွဲရင် သူ့ ရည်မှန်းချက်တွေ အောင်မြင်လာပါဦးမလား။
စိတ်ညစ်ညစ်နဲ့ မျက်မှန်ကို ချွတ်လိုက်ပီး ဆံပင်တွေကို ထိုးဖွလိုက်မိတယ်။
"Meow.."
အသံလာရာ ခုံတန်းရှည်ရဲ့ အစွန်ကို လှည့်ကြည့်မိတော့ သေချာတာတော့ ကြောင်တစ်ကောင်။ မျက်မှန်ကို ပြန်တပ်ပြီး ဝါးနေတဲ့ မြင်ကွင်းကို ကြည်လင်စေလိုက်တော့ ချစ်စရာကောင်းတဲ့ ကြောင်နက်လေးတစ်ကောင်။
ကြောင်မြင်ရင် မနေနိုင်အောင် ချစ်တဲ့သူက စိတ်ညစ်နေတဲ့ ကြားကပဲ လက်ကလေး ကမ်းပြီး ကြောင်နက်လေးကို ခေါ်မိတယ်။
မျက်လုံးအဝိုင်းသားလေးနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ ကြောင်နက်လေးက သူ့ဆီကို ဖြည်းဖြည်းချင်း တစ်လှမ်းချင်း လှမ်းလာတယ်။
YOU ARE READING
A Wish We Wished Together
FanfictionSamYU Fic လေးပါ။ Fantasy ဆန်ဆန် Type လေး ရေးထားပါတယ်။ ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️