2

76 8 14
                                    

သူကတော့ ထမင်းဘူး တစ်ဘူးလုံး ကုန်အောင် စားပြီးသွားပြီ ဆိုပေမဲ့ ‌‌ကြောင်နက်လေးကတော့ ခွက်ကလေးနဲ့ ထည့်ပေးထားတဲ့ Cat Food ကို မစားတာကို သတိထားမိတယ်။

"ဟမ်... မင်း ဗိုက်မဆာဘူးလား..."

သူ ကြောင်နက်လေးကို ပွေ့ချီလိုက်ပြီး လည်ပင်းက ဆွဲပြားကို ထပ်ကိုင်ကြည့်မိတယ်။

"ဝိုင်... ယူ..."

"Meow..."

"မင်း နာမည်က ဝိုင် ယူ လား..."

ကြောက်နက်လေးကတော့ သူကို မျက်လုံးအဝိုင်းသားလေး ကြည့်လျက်။

"ဝိုင်... ယူ... ဝိုင်... ယူ... မဟုတ်ဘူး ထင်တယ်နော်... ခေါ်ရတာ တမျိုးပဲ..."

သူ မျက်လုံးကို ထောင့်ကပ်ပြီး အနည်းငယ် စဉ်းစားဟန်ဖြင့်။

"ဒါဆို... Y...U.. YU... YU ဟုတ်လား YU"

ကြောင်နက်လေးက သူ့ရင်ဘတ်ထဲ ခေါင်းတိုးဝင်ကာ ပွတ်သပ်‌နေတယ်။

"ဟုတ်တယ်နဲ့ တူတယ်... မှန်သွားပြီလား... ဟီး ဟီး"

ကြောင်နက်လေးကို ပွတ်သပ်ရင်း စပ်ဖြီးဖြီး ရယ်နေမိတယ်။

တကယ်ဆို ဒီလိုနေ့မှာ သူအခန်းထောင့် ကပ်ပြီး ငိုင်နေမိမှာ။ အခုတော့ ‌ဧည့်သည်ကြောင်နက်လေး ကျေးဇူးနဲ့ တဟီးဟီး ရယ်နေရပြီ။

ကြောင်နက်လေးက သူ့လည်ပင်းက ဆွဲပြားပါတဲ့ လည်ပတ်ကို လက်သေးသေးလေးနဲ့ တွန်းခွာနေတာကြောင့်။

"အွင်း... ဘာဖြစ်လို့လဲ YU... YU လေး နာနေလို့လား... ယားလို့လား... ကျပ်လို့လား"

ကြောင်နက်လေးကတော့ လည်ပတ်ကိုပဲ ဆက်တိုက် ကုတ်ချနေတုန်း။

"မလုပ်နဲ့... မလုပ်နဲ့... ခိုက်မိကုန်မယ်... ဖြုတ်ပေးမယ်"

ပြောပြောဆိုဆိုနဲ့ ကြောင်နက်လေး လည်ပင်းက လည်ပတ်လေးကို ဖြုတ်ပေးလိုက်တယ်။

"ဝုန်း" ဆို အဖြူရောင် အခိုးအငွေ့တွေ ရုတ်တရက် ထွက်ပေါ်လာကြောင့် သူ ယောင်ယမ်းပြီး မျက်နှာကို လက်နဲ့ ကာလိုက်မိတယ်။ အဖြူရောင် အခိုးအငွေ့တွေ တဖြေးဖြေးလွှင့်စင်သွားတော့ မျက်စိရှေ့မှာ ပုံ့ပုံ့လေး ထိုင်နေတဲ့ ကောင်လေးတစ်ယောက်။

A Wish We Wished TogetherWhere stories live. Discover now