8

77 7 9
                                    

ညနေစာအတွက် ရေခဲသေတ္တာဖွင့်ကြည့်တော့ ဘာမှ မရှိတော့။ ဈေးထွက် ဝယ်ပြန်ရင်လည်း ကောင်လေးကို ထားခဲ့ရဦးမယ်။ ဖုန်းကိုသာ ကောက်ကိုင်ပြီး ဒီညနေတော့ မှာစားလိုက်ကြမလား တွေးမိတယ်။

"YU ဘာစားချင်လဲ... ဘာမှာကြမလဲ"

ပြန်မဖြေမှန်းလည်း သိပေမဲ့ တစ်ခုခုဆို လှမ်းလှမ်းမေးမိနေတာကလည်း အကျင့်တစ်ခု ဖြစ်နေပြီ။

Food Delivery Service App ထဲ ဆိုင်ရှာနေရင်း သူ အတွေးတစ်ခု ဝင်လာတယ်။ ဒီနေ့အတွက် မှာစားကြတာတော့ ဟုတ်ပါပြီ။ နောက်နေ့ နောက်နေ့တွေအတွက်ရော ဘယ်လို စခန်းသွားကြမှာလဲ။ ကောင်လေးကို မထားခဲ့ချင်တာနဲ့ အမြဲ အိမ်မှာ နေလို့မှ မရတာ။

ကောင်လေးကိုပါ အိမ်ပြင်ခေါ်သွားနိုင်ဖို့ ကြိုးစားကြည့်ရမလား။ ‌မျက်လုံးမှေးကာ ကောင်လေးကို ကြည့်ရင်း သူအကြံထုတ်သည်။ ကောင်လေးကတော့ အမြီးလေး တယမ်းယမ်းနဲ့ သူ့ကို ခေါင်းလေး စောင်းကြည့်လျက်။

#_#_#_#

"YU... ဟိုမှာတွေ့လား... ဘောင်းဘီနဲ့ ဒီလိုမျိုးလေး"

ပြုတင်းပေါက်နားခေါ်ပြီး သူ့အိမ်ရှေ့က လမ်းသွားလမ်းလာတွေကို ညွှန်ပြရင်း။

"မင်း ငါနဲ့ အပြင်လိုက်မယ်ဆိုရင် ဘောင်းဘီ ဝတ်မှရမယ်... တွေ့တယ်မလား... အပြင်‌ကလူတွေ အကုန်လုံးက ဒီလိုဘောင်းဘီလေးတွေနဲ့"

ပြနေရင်းပဲ စကတ်တိုနဲ့ ကောင်မလေးတစ်ယောက်ဖြတ်သွားတော့ ကောင်လေးမျက်လုံးကို လက်ဖဝါးနဲ့ အမြန် အုပ်လိုက်ပြီး။

"အဲဒါ မပါဘူး... အဲ့ဒါ မပါဘူး..."

ကောင်လေးကို အခန်းထဲ ပြန်ဆွဲသွင်းလာပြီး။

"ငါနဲ့ အပြင် တူတူထွက်မယ်နော်... ဒါလေး ဝတ်မယ်နော်... မင်း တစ်ယောက်တည်း မနေခဲ့ချင်ဘူးမလား"

သူ့ကို ရပ်ကြည့်နေတဲ့ ကောင်လေးကတော့ ပြူးကြောင်ကြောင်လေး။

#_#_#_#

"လုံးဝ... အမြှီးကို မထုတ်ရဘူးနော်... နားရွက်ရောပဲ"

ပြောပြောဆိုဆိုနဲ့ ကောင်လေးကို ဝတ်ပေးထားတဲ့ Hoodie ခေါင်းစွပ်ကို ဆွဲယူကာ ခေါင်းကို ဖုံးပေးလိုက်တယ်။ အမြှီးကိုဝောာ့ အာပေါက်မတတ် စည်းရုံးပြီး ဝတ်ပေးထားတဲ့ ဘောင်းဘီအပွထဲ ထည့်သိမ်းပေးထားရတယ်။

A Wish We Wished TogetherWhere stories live. Discover now