Shih Chih Tian နဲ့ webtoon ကိစ္စ ထိုင်ဆွေးနွေးနေတဲ့ 15 မိနစ်အတွင်း သူ့စိတ်က ဂဏာမငြိမ်။ မျက်လုံးက ရေချိုးခန်းကို အခါ နှစ်ဆယ်မက ရောက်ပြီးပြီ။ ကောင်လေးကို နောက်ဆုံးတွေ့လိုက်ရတဲ့ ပုံရိပ်က သူ့ရင်ထဲ မချိ။
Shih Chih Tian က တောင်းဆိုသမျှတွေကို သူရတဲ့ ပိုက်ဆံနဲ့ တန်လား မတန်လား မတွေးနိုင်။ အကုန် တအင်းအင်းသာ လုပ်နေမိတယ်။ မြန်မြန်ပြီးလို့ မြန်မြန်ပြန်တော့ အေးရော မဟုတ်လား။
#_#_#_#
အခုတော့ ပြန်တော့မဲ့ Shih Chih Tian က တံခါးနားကို ရောက်နေပြီ ဖြစ်ပြီး သူလည်း လိုက်ပို့ဖို့ Shih Chih Tian နောက်မှာ ရပ်နေမိတယ်။ Shih Chih Tian က နောက်ဆုံးအနေနဲ့ သူ့ကို လှည့်ကြည့်ပြီး။
"မင်း ဆွဲပြီးရင် ငါ့ကို email ပို့ပေးလိုက်နော်"
"အင်း... အင်း... စိတ်ချ"
Lin ZiHong ခေါင်းတွေ တဆိတ်ဆိတ် ငြိမ့်လို့။ မြန်မြန်ပြန်ဖို့က အရေးကြီးဆုံး။ Shih Chih Tian က ပြန်လှည့်ဖို့ လုပ်ပြီးမှ သူ့ကို ကျော်ကာ သန့်စင်ခန်းကို လှမ်းကြည့်ပြီး။
"အော်... ငါ ခဏ သန့်စင်ခန်း သုံးသွား..."
"မရဘူး...!"
Tian ရဲ့ စကားပင်မဆုံးသေး Lin ZiHong ရှေ့ကနေ ကားယားကြီး တားမိတယ်။ လွန်ကဲလွန်းတဲ့ အမူအယာကြောင့် Shih Chih Tian မျက်မှောင်ကြုတ်ပြီး ကြည့်လာတော့ မျက်နှာချိုပြန်သွေးပြီး။
"ဟိုဟာ... ဟို... ပိတ်နေလို့... ဘိုထိုင် ပိတ်နေလို့... ဟီး..."
Shih Chih Tian က နှာခေါင်းရှုံ့သွားပြီး။
"အော်.. အင်းပါ... အောင့်နိုင်ပါသေးတယ်... သွားတော့မယ်နော်"
"ဂရုစိုက်သွားနော်..."
Shih Chih Tian က လုံးဝ ထွက်သွားတဲ့အထိ Lin ZiHong လိုက်ကြည့်နေမိတယ်။ မြင်ကွင်းထဲက လုံးဝ ပျောက်သွားပြီဆိုတာနဲ့ တံခါးကို အမြန်ပိတ်၊ သန့်စင်ခန်းတံခါးကို အမြန်ပြေးဖွင့်တော့ ကြည့်တော့ ကောင်လေးကို မတွေ့။
"YU..."
ခေါ်သံကြားမှာ bathtub ထဲကနေ ပလပ်စတစ် လိုက်ကာလေးကို လှပ်ပြီး ချောင်းကြည့်လာတဲ့ ကောင်လေး။ သူ bathtub နားကို အမြန်သွားပြီး လိုက်ကာကို ဆွဲဖွင့်လိုက်တော့ ကောင်လေးက ရေတွေ ရွှဲလို့။ ရေချိုးနေတာလား။ ရေဆော့နေတာလား။
YOU ARE READING
A Wish We Wished Together
FanfictionSamYU Fic လေးပါ။ Fantasy ဆန်ဆန် Type လေး ရေးထားပါတယ်။ ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိပါ။ စိတ်ကူးယဉ် Fan Fiction တစ်ပုဒ်သာ ဖြစ်သည်။‼️