6

83 8 15
                                    

"YU... ထပါဦး ခဏ"

မတတ်နိုင်ဘူး။ သူ ကောင်လေးကို နှိုးရတော့တယ်။ဒါပေမဲ့ ကောင်လေးက မထသေးပဲ အိပ်နေတုန်း။

သူ့လည်ပင်းနား အသက်ရှုနေတဲ့ ကောင်လေးရဲ့ အသက်ရှူလိုက်တိုင်း ရိုက်ခတ်လာတဲ့ အခိုးအငွေ့။ သူ့ကို သိုင်းဖက်ထားတဲ့ ကောင်လေးရဲ့ လက်‌တွေ။ ထိစပ်နေတဲ့ ရင်ဘတ်။ အဆိုးဆုံးက တက်ခွထားတဲ့ ထိရှလွယ်တဲ့အစိတ်အပိုင်း။ မျိုးစုံသော လှုံဆော်မှုတွေကြောင့် Lin ZiHong ဘယ်လိုမှ အခြေအနေ မဟန်တော့။ တင်းမာမှုတွေက ဆန္ဒပြနေပြီ။

သူ အောင့်အီးသည်းခံကာ မခံစားနိုင်တဲ့အဆုံး ကောင်လေးကို ခါးက ကိုင်ပြီး ဆွဲမလိုက်တယ်။

"YU... ထဦး..."

ဆွဲမခံလိုက်ရတာကြောင့် အိပ်ချင်မူးတူးနဲ့ မတ်တပ်ထရပ်လိုက်ရတဲ့ ကောင်လေးက မျက်လုံးလေးကို ပွတ်လို့ အမြှီးလေး တယမ်းယမ်း။

သူကတော့ ကောင်လေးနား ဆက်နေရင် မဟုတ်တာတွေ ဖြစ်လာတော့မှာ စိုးတာကြောင့် သန့်စင်ခန်းထဲ အမြန်ပြေးဝင်လိုက်တယ်။

#_#_#_#

တံခါးဟပြီး သန့်စင်ခန်းထဲက ထွက်လာတော့ အဝနားမှာ ရပ်စောင့်နေတဲ့ ကောင်လေးကို မကြည့်ရဲတာကြောင့် ခေါင်းငုံ့လိုက်မိတယ်။

အခုလေးတင် သန့်စင်ခန်းထဲမှာ ဘာလုပ်ခဲ့သလဲ သူ့အကြောင်း သူသိတယ်။ ပြီးတော့ ကောင်လေးကို တွေးပြီး လုပ်ခဲ့မိတာလည်း သူ သိနေတော့ လိပ်ပြာမလုံတာကြောင့် သူ ရဲရဲ မကြည့်ရဲ။ ကောင်လေးကို သန့်စင်ခန်းနား လာရပ်နေမယ်လည်း မထင်ခဲ့တာကြောင့် ရုတ်တရက် မြင်လိုက်ရတော့ ကောင်လေး သိသွားမလားဆိုတဲ့ စိတ်နဲ့ ရှက်ပြီး ပူထူသွားတယ်။

ဒါပေမဲ့ ကောင်လေးက လူဖြစ်တာ သိပ်မကြာသေးဝောာ့ ဒီကိစ္စတွေ သိပါ့မလား။ မသိလောက်ပါဘူး။ နားမလည်လောက်ပါဘူး။

ဖြေသိမ့်အတွေးနဲ့ ကောင်လေးကို မျက်နှာပြောင်တိုက် ရယ်ပြလိုက်တဲ့အခါ အိပ်ချင်မူးတူးရုပ်နဲ့ ကောင်လေးက မဆိုသလောက် ပြန်ပြုံးပြတယ်။

"မင်း အိပ်ချင်နေပြီမလား... သွားအိပ်မယ်လေ...လာ"

ကောင်လေးလက်ကို ဆွဲပြီး ခြေလှမ်းပြီးခါမှ တစ်စုံတစ်ရာကို သတိရလိုက်တာကြောင့်။

A Wish We Wished TogetherOnde histórias criam vida. Descubra agora