4

70 6 9
                                    

ဒီကောင်လေးနဲ့ အတူရှိနေတာ နေ့တဝက်ကျိုးပြီ။ ဒါပေမဲ့ အခုထိ သူ့စိတ်က ဒီဆန်းကြယ်မှုကို ယုံတစ်ဝက် မယုံတစ်ဝက်။ ကောင်လေးက သူအကြမ်းခြစ်ထားတဲ့ စာရွက်ပေါ်က ပုံတွေကို ကြမ်းပြင်ပေါ်  ပြန့်ကျဲချကာ လေး‌ဘက်ထောက် ကျုံ့ကျုံ့လေး ထိုင်ကြည့်နေတယ်။

ပြန့်ကျဲနေတဲ့ စာရွက်တွေကို ကောင်‌လေးက
အနား ယူမကြည့်ပဲ။ သူက စာရွက်တွေ အနား ရွေ့ရွေ့သွားတာမို့။ Lin ZiHong ရှိရာဘက်ကို တဖြည်းဖြည်း ကျောပေးသလို ဖြစ်တယ်။ ဝတ်ပေးထားတဲ့ Shirt အပွက ဒီလိုဆိုတော့ အရှက်မလုံတော့တာမို့ မျက်လုံးပြူးသွားရတဲ့ Lin ZiHong က ထိုင်နေရာကနေ ကပြာကယာ ထပြီး။

"YU... YU..."

သူ ကောင်လေးနဲ့ မျက်နှာချင်းဆိုင်ကို အမြန်သွားထိုင်လိုက်တော့ ကောင်လေးက သူ့ကို မော့ကြည့်လာတယ်။

တကယ်တော့ သူ အနောက်က မကြည့်ရဲလို့ ကောင်လေးရှေ့ လာထိုင်တာ။ ကောင်လေးက ဒီလို မော့ကြည့်နေတော့ သူ ဘာပြောရမယ်မှန်း မသိ။ မျက်လုံးလေး မှေးသွားအောင် ပြုံးပြလိုက်ပြီး ကောင်လေးရဲ့ ဆံနွယ်တွေကို ပွတ်သပ်ပေးမိတယ်။

"မင်း ဒီလို ပုံစံနဲ့ နေရတာကို ပျော်လား"

အမြှီးလေး တယမ်းယမ်းနဲ့ ပြုံးပြလာတဲ့ ကောင်လေးက သူ့ရင်ဘတ်ထဲကို ခေါင်းတိုးဝင်လာတယ်။ သူ ကောင်လေးရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်ဆွဲယူလိုက်ပြီး။

"ပျော်တယ်ပေါ့ ဟုတ်လား..."

ပြောပြောဆိုဆိုနဲ့ မျက်လုံးထောင့်ကို အနက်ရောင် အစက်ကလေးကို ပြွတ်ခနဲ နမ်းလိုက်မိ၏။ တစ်ဆက်တည်း သူနှုတ်ခမ်းကို လက်ဖဝါးနှစ်ဖက်နဲ့ ပိတ်လိုက်ပြီး။

"Sorry... ငါ... ငါ ယောင်သွားတာ"

ကြောင်နက်လေး ဖြစ်နေတုန်းကလည်း ရင်ခွင်ထဲ လာတိုးတဲ့အခါ ချစ်စနိုးတဲ့ တရှုံ့ရှုံ့နမ်းဖူးလေတော့ အခုလည်း ယောင်ယမ်း အရှိန်ပါသွားတယ် ထင်ပါတယ်။ ဒါပေမဲ့ အခုက ပြွတ်ခနဲတောင် အသံထွက်တဲ့ လူ့အသားအရေနုနုလေး‌လေ။

သူကတော့ အားနာပြီး တောင်းပန်နေပေမဲ့ ကောင်လေးကတော့ တခစ်ခစ် ရယ်တယ်။ ထို့နောက် သူ့နားကပ်လာကာ ပြွတ်ခနဲ ပြန်နမ်းသွား၏။ ကောင်လေးရဲ့ နူးညံ့တဲ့ နှုတ်ခမ်းနဲ့ ထိတွေ့လိုက်ရတဲ့ ပါးပြင်က အထိအတွေ့ကြောင့် Lin ZiHong ရင်ဘတ်တွေ ဝုန်းဒိုင်းကြဲ။

A Wish We Wished TogetherWhere stories live. Discover now