3

74 7 10
                                    

"YU..."

သူနဲ့ ထိကပ်နေတဲ့ မျက်စိရှေ့က ကောင်လေးက မျက်လုံးအဝိုင်းသားလေးနဲ့ ပြုံးရင်း သူ့ပခုံးပေါ် ခေါင်းတိုးပွတ်သပ်လာတယ်။ ကောင်လေးကို ဖက်ထားရင်း ခါးမှာ ပူးကိုင်ထားရတဲ့ သဘက်ကိုတော့ သူမလွှတ်ရဲသေး။

"မင်းက တကယ် YU လား"

မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ ပြူးကြည့်နေတဲ့ ကောင်လေး။

"ဘယ်လိုဖြစ်လို့ ဒီလို..."

ကောင်လေးက ဘာမှ ပြန်မပြော။

"မင်း စကားမပြောတတ်ဘူးလား"

မေးသာ မေးနေရတာ တုန့်ပြန်သံလည်း တစ်ချက်မှ ထွက်မလာ။ ထိုအချိန် ကောင်လေးက သူ့ပါးနှစ်ဖက်ကို ရုတ်တရက် စုံကိုင်လာတော့ ရုန်းလို့လည်း မရ။ ရုန်းလိုက်ပြန်ရင်လည်း တဘက်က လွတ်ကျသွားဦးမယ်။

"နေဦး... နေဦး... ခဏ ခဏ"

ပြော‌ပြောဆိုဆိုနဲ့ ခါးက တဘက်ကို မြဲအောင် ထုံးပတ်ပေးလိုက်တယ်။ ထို့နောက် သူ့ပါးပေါ်က ကောင်လေးရဲ့ လက်နှစ်ဖက်ကို သူပြန်ကိုင်ပြီး။

"ငါ ဘယ်လို ယုံရမလဲတောင် မသိဘူး"

အခုမှ ကောင်လေးကို သူသေချာ စေ့စေ့ကြည့်မိတော့။

"မင်းက တော်တော် ချောတာပဲ... အသားကလည်း ဖြူဆွတ်..."

ပြောရင်းဆိုရင်း စက္ကန့်ပိုင်းအတွင်း မြင်ထားတဲ့ ကောင်လေးရဲ့ အတိုင်းသားပုံရိပ်က မျက်လုံးထဲ ပြန်ပေါ်လာတော့ သူခေါင်းကို ခါယမ်းလိုက်တယ်။

ဘာတွေ တွေးနေတာလဲ။

#_#_#_#

ဒီကိစ္စက ရဲစခန်းတိုင်ရမှာလား။ သူ့ပိုင်ရှင် ရှာပေးရမှာလား။ ဘာလုပ်ရမယ်မှန်းကို အခုထိ မ‌သိသေးပေမဲ့ လောလောဆယ် လုပ်နိုင်တာကတော့ မွေ့ယာပေါ် ပုံ့ပုံ့လေး ထိုင်နေတဲ့ ကောင်လေးအတွက် ဗီဒိုထဲကနေ ဝတ်စရာ ရှာပေးတာပဲ။

T Shirt တစ်ထည်နဲ့ ဘောင်းဘီ တစ်ထည်ကို ယူပြီး ကောင်လေးထိုင်နေတဲ့ မွေ့ယာပေါ် သူဝင်ထိုင်လိုက်တယ်။ သူ့အိပ်ယာက ကုတင်နဲ့ မဟုတ် ကြမ်းပြင်မှာ ချခင်းထားတဲ့ မွေ့ယာထူထူ တစ်ထပ်သာ။

A Wish We Wished TogetherTempat cerita menjadi hidup. Temukan sekarang