၂၀၀
6.2K 355 3
အပိုင်း (၂၀၀)
ကျန်းယွမ်ကျား၏အာရုံက ဒီအပေါ်မှာရှိမနေတော့ပေ။ သူညည်းတွားလို့ပြီးသွားတဲ့နောက်တော့ သူထပ်ပြီးမေးလာပြန်လေသည်။ "ဒီနေ့လည်ကျရင်လည်း မေမေက အန်ကယ်ကျိုးနဲ့ စကားထပ်ပြောဦးမှာလား?"
ဒီကလေး ဘာပြောချင်နေလဲဆိုတာကို ယန်ရှုယွီအာရုံရနေတာကြောင့် သူမ မသဲမကွဲပဲပြန်ဖြေလိုက်သည်။ "နေ့လည်တောင်မရောက်သေးဘူးလေ မေမေကဘယ်လိုလုပ်သိနိုင်မှာလဲ?"
ဒါက ကျန်းယွမ်ကျားကို အရမ်းကြီးစိတ်အနှောင့်အယှက်ဖြစ်မသွားစေပေ။ သူသည် သူမအား အရမ်းလေးနက်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။ "တကယ်လို့ ဒီနေ့ မေမေက အန်ကယ်ကျိုးနဲ့စကားပြောဖြစ်ခဲ့ရင် ရှောင်ယိကို သားတို့နဲ့လာကစားစေချင်တာကို အန်ကယ်ကျိုးသိသွားအောင် ပြောပြပေးဦးနော်!"
သေချာပေါက်ကို ဒီကလေးလေးက မှတ်မိနေသေးသည်။
ယန်ရှုယွီသည် အံ့သြခြင်းကင်းစွာဖြင့် ပြောလိုက်သည်။ "အိုကေ"
ယန်ရှုယွီကနေ အလေးအနက်ခေါင်းညိမ့်ပြလာတာကို မြင်လိုက်ပြီးတော့မှသာ စိတ်ခံစားချက်ပိုကောင်းသွားပုံရကာ ကျန်းယွမ်ကျားသည် ရေချိုးခန်းထဲဝင်သွားပြီး ကျောင်းသွားရန် ပြင်နေတော့သည်။
သော်ငြားလည်း ကလေးလေးမှာ တစ်နာရီလောက်သာ စိတ်ချလက်ချရှိသွားသည်။ မူကြိုရောက်လို့ သူ့မေမေနှင့်ခွဲရတော့မည့်အချိန်ရောက်လာသည့်အခါ သူ့မှာစိတ်ပူစွာဖြင့် ထပ်ပြီးအသိပေးလိုက်ပြန်သည်။ "မေမေ ရှောင်ယိကို သားတို့ဆီလာကစားစေချင်တယ်ဆိုတာကို အန်ကယ်ကျိုးကို ပြောလိုက်ဖို့ မမေ့သွားနဲ့ဦးနော်!"
သူမယုံကြည်အားထားရမှုကို သံသယဝင်ခံရတာကို အသိပေးခံလိုက်ရသလိုမျိုး ယန်ရှုယွီမှာ အမှန်ပြန်ပြင်ပေးဖို့တောင် အာရုံမထားလိုက်တော့ပဲ လက်ကိုဝေ့ယမ်းပြလိုက်ကာ "အိုကေ အိုကေ သားရဲ့မေမေက ဒီလောက်ကြီးလဲအမေ့မဆိုးသေးပါဘူး"
တစ်ဖက်မှာတော့ ကလေးလေးကျန်းယွမ်ကျားသည် အရမ်းကြီးစိတ်ချလက်ချဖြစ်မသွားသေချေ။ သူသည် ကျောင်းအတွင်းသို့လျှောက်သွားနေရင် နောက်သို့လှည့်ကြည့်လှည့်ကြည့်နှင့် ဝင်သွားတော့သည်။