၂၀၇

1.8K 262 1
                                    

အပိုင်း (၂၀၇) 

သူမဖက်ကနေပြီး ဒီလိုတကူးတကရှင်းပြပေးတာကြောင့် ကလေးနှစ်ယောက်မှာ သူမရှင်းပြချက်ကို လက်ခံပေးလိုက်ပြီး ဘော့စ်နှင့်စကားပြောရန် တောင်းဆိုနေတာအား ရပ်သွားကြသည်။ မိနစ်၃၀နီးပါးလောက်ကြာသွားပြီးတဲ့နောက်မှာတော့ ဇာတ်လိုက်လေး၏အာရုံတစ်ခုလုံးက သူ့ရှေ့တွင်ရှိနေသည့် အရသာပြည့်ဝသည့် နို့လိုမျိုးရနံ့ရှိသည့် ဟော့ပေါ့အိုးဆီ အပြည့်အဝကျရောက်သွားတော့သည်။ 

ဟော့ပေါ့ဆိုင်ကတော့ ဒီဆိုင်ပဲဆိုပေမယ့် နောက်ပိုင်းတွင် အရသာအသစ်တွေ ရရှိနိုင်လာသည်။ ယန်ရှုယွီတစ်ယောက် ကလေးနှစ်ယောက်နှင့်ရောက်လာတာကို မြင်လိုက်သည့်အခါ ရင်းနှီးနေသည့်စားပွဲထိုးသည် ဒိန်ခဲအရသာဟော့ပေါ့က ကောင်းမွန်သင့်လျော်ကြောင်း ထောက်ခံချက်ပေးလိုက်သည်။ ဒါ့အပြင် ဒီအရသာဟော့ပေါ့သည် ကလေးတွေကြားထဲတွင် အရမ်းကိုမှနာမည်ကြီးပြီး စားကြည့်ပြီးသွားသည့်နောက်ပိုင်းမှာလည်း အကုန်လုံးက ကြိုက်နှစ်သက်ကြသည်။ 

ဒိန်ခဲက အားသာချက်ပင်။ ယန်ရှုယွီသည် ဒိန်ခဲမျိုးစုံကို ကြိုက်နှစ်သက်ပေမယ့် ဒိန်ခဲအရသာဟော့ပေါ့ကိုတော့ မစားကြည့်ဖူးသေးပေ။ သိချင်စိတ်လည်းရှိပြီး ကလေးတွေကလည်း သဘောတူညီချက်ပေးလာတာကြောင့် သူမသည် ဒိန်ခဲအရသာဟော့ပေါ့အစုံကို မှာလိုက်လေသည်။ စားပွဲထိုးကနေပြီး ယူလာသည့်အခါ ဒါက ကိုရီးယားစတိုင်လ်ဟော့ပေါ့မှန်း သူမသိလိုက်သည်။ အိုးထဲတွင် အသား၊ အသီးအရွက် နှင့် ခေါက်ဆွဲတွေအပြည့်ထည့်ထားပြီး ခေါက်ဆွဲပေါ်တွင် ဒိန်ခဲခြစ်တွေကို အများကြီးဖြူးထားသည်။ အိုးကစတင်ပူလာသည့်အခါ ဒိန်ခဲမျှင်တွေက ဖြည်းဖြည်းချင်း အရည်ပျော်သွားပြီး ဒိန်ခဲအနံ့က စတင်ပျံ့နှံ့လာသည်။ အရမ်းကိုနားမလည်မသိကျွမ်းသည့် လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက်တို့သည် ချက်ချင်းကို စိတ်နှစ်မျောသွားကာ ဟော့ပေါ့အိုး ပွက်ပွက်ဆူလာအောင်စောင့်နေရင်း သုံးယောက်လုံးသည် ကိုယ်ကို မတ်မတ်ထိုင်ထားကြသည်။ 

နောက်ဆုံးတော့ ဟော့ပေါ့က ပွက်ပွက်ဆူလာပြီး ဒိန်ခဲမျှင်တွေကလည်း ဟင်းရည်ထဲ ပျော်ဝင်သွားပြီလေ။ ဒိန်ခဲအနံ့က ပိုပိုပြင်းလာသည်နှင့် ဟင်းရည်၏အရောင်ကလည်း စတင်ပြောင်းလဲလာသည်။ အရောင်က အဝါဖက်စတင်သန်းလာပြီး အနံ့ကလည်း ပိုပြီးအရသာရှိသည့်အနံ့ဖြစ်လာတော့သည်။ ယန်ရှုယွီသည် တူကို ကိုင်လိုက်ပြီး ပြောလိုက်၏။ "အိုကေ စားလို့ရပြီ!" 

ဇာတ္လိုက္၏ဗီလိန္မိေထြး | ဇာတ်လိုက်၏ဗီလိန်မိထွေး Book IIWhere stories live. Discover now