၂၀၈

2.8K 350 20
                                    

အပိုင်း (၂၀၈) - ကြည့်ရတာ အဲ့ကတည်းက မင်းရဲ့စိတ်ထဲစွဲဖျောက်မရအောင် ထင်ကျန်ခဲ့ပုံပဲ 

တစ်ခြားအချိန်မျိုးသာဆိုရင် သူမတို့က အခုလေးတင်မှ ညစာစစားဖို့လုပ်နေတာကြောင့် သူက သူမရဲ့ညစာစားချိန်ကို လာနှောင့်ယှက်နေတယ်ဆိုပြီး ခံစားသွားရအောင် ယန်ရှုယွီပြောလိုက်မှာပင်။ အခုတော့ သူမက ဘော့စ်၏ဆွဲဆောင်မှုအောက်ကျသွားတော့ သူမအပြုအမူတွေက အရမ်းပြောင်မြောက်နေသည်။ သူမဖက်က စိတ်လိုလက်ရဖြင့် ဖုန်းကို ဝေ့လိုက်ပြီး ဟော့ပေါ့ရှေ့တွင် ကလေးနှစ်ယောက် မျက်နှာအဆီတဝင်းဝင်းဖြင့် ထိုင်နေတာကို ပြလိုက်သည်။ 

သူ့အား စက္ကန့်အနည်းငယ်ပြပီးတဲ့နောက်တော့ မိန်းကလေးယန်ရှုယွီမှာ ဖုန်းစခရင်ကို သူမဖက် လျင်မြန်စွာ ပြန်လှည့်လိုက်သည်။ ဖုန်းစခရင်ထဲက ဘော့စ်ကိုကြည့်ရင်း သူမမျက်လုံးတွေက တောက်ပနေသည်။ "ကျွန်မတို့တွေ အခုညနေစာစားနေကြတာ~" 

"ကိုယ်မြင်တယ်" ကျိုးချင်းဟယ်သည် ပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။ "ရှောင်ယိနဲ့ယွမ်ပေါင်တို့ကို ကြည့်ရတာ တော်တော်စားကောင်းနေတဲ့ပုံပဲ" 

အတိအကျကိုပါပဲ။ ဟော့ပေါ့က အရမ်းကောင်းလွန်းလို့ သူ့သားကတော့ သူ့အဖေကို မေ့သွားပြီလေ။ သူ့ရဲ့အကြီးစားဖန် ကျန်းယွမ်ပေါင်လည်းပဲ ဒီနေ့တော့ အန်ကယ်ကျိုးရဲ့ ဗီဒီယိုကောလ်အပေါ် ဘာမှမတုံ့ပြန်လာတော့ပေ။ 

သော်ငြားလည်း ဘော့စ်က ဒီနေ့လုံးဝကို မမြင်ဖူးတဲ့ခန့်ညားချောမောမှုကို ပြသလာတာမို့ ယန်ရှုယွီသည် ထိုသူအား မစနောက်တော့ပေ။ ထိုအစား သူမသည် အရမ်းကိုဖြောင့်မတ်မှန်ကန်စွာဖြင့် ပြောလိုက်သည်။ "သနားစရာရှောင်ယိလေး ကျွန်မတို့တွေ ဟော့ပေါ့သွားစားကြဖို့ ဆုံးဖြတ်လိုက်တဲ့ချိန် သူ့မှာ ဟော့ပေါ့ကဘာလဲဆိုတာတောင် မသိရှာဘူး သူ့မှာ ဒီလောက်အရသာရှိတဲ့အစားအသောက်ကို လုံးဝမစားဖူးဘူး ဘယ်လောက်တောင်ဆိုးလိုက်လဲ?" 

ဘော့စ်ဖက်ကနေပြီး အထက်တန်းစားမိသားစုထဲက သခင်ငယ်လေးကို လမ်းဘေးအစားအသောက် ကျွေးလိုက်တာကို ဘာမှတ်ချက်မှမပေးရသေးခင် ယန်ရှုယွီသည် သူမအောင်မြင်မှုကို အရင်ဆုံးကြွားလိုက်တော့သည်။ 

ဇာတ္လိုက္၏ဗီလိန္မိေထြး | ဇာတ်လိုက်၏ဗီလိန်မိထွေး Book IIOù les histoires vivent. Découvrez maintenant