၂၀၂
2K 329 4
အပိုင်း (၂၀၂) - ဇာတ်လိုက်၏အထူးတလည်အရေးတယူရှိမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယန်ရှုယွီသည် ညဖက်တွင် ဖျော်ဖြေပေးရပြီး ဒါက သူမအတွက် တစ်နေ့တာတွင် အလုပ်များဆုံးအချိန်ဖြစ်သည်။ သူမသားနှင့် ဇာတ်လိုက်လေးတို့ကို ဆိုင်ကလူတိုင်းမှအာရုံစိုက်ထားပေးဖို့ တကယ့်ကိုလိုအပ်သည်။
မန်နေဂျာရန်မှာ ဘေးကနေရပ်နေပြီး ယန်ရှုယွီတစ်ချိန်လုံးညာပြောနေတာကို ကြည့်နေသည်။ သူသည် နောက်ဆုံးတော့ ခြေတစ်လှမ်းတိုးလိုက်ပြီး ပြောလိုက်သည်။ "အိုကေ ဒါဆိုရင်လည်း ဒီနေ့ မင်း ဘာလို့အလုပ်စောစောမဆင်းလိုက်တာလဲ?"
ဒါက ယန်ရှုယွီ၏အကြံပင်။ သူမသည် ပြုံးကာ ခေါင်းညိမ့်ပြလိုက်ပြီး "ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဘော့စ်"
အကုန်လုံးဖြေရှင်းပြီးသွားသည်နှင့် ယန်ရှုယွီသည် သူမသားကို ကျောင်းသွားကြိုရမည့်အချိန်က စောင့်ဆိုင်းနေတော့သည်။ သူမသားကျောင်းမဆင်းခင်အထိ ဇာတ်လိုက်လေးက ရောက်လာဦးမှာမဟုတ်ဘူးဆိုတာကို သူမသိထားသည်။ သူမအတွက် အံ့သြသွားစေတာကတော့ ၄နာရီတောင်မရှိသေးတဲ့အချိန် ကလေးလေးက ရောက်လာသည်။ သူတစ်ယောက်တည်း။ သူသည် လှေကားကို မရရအောင်တက်လာသည်။ ဆိုင်အတွင်းက သူမဘော်ဒါလေးတွေကလည်း ထိတ်လန့်သွားကြသည်။ ယန်ရှုယွီလည်းပဲ ကြောင်အသွားသည်။
"ရှောင်ယိ ဘယ်လိုလုပ်ပီး ဒီကိုအစောကြီးရောက်လာတာလဲ? နောက်ပြီးတော့ တစ်ယောက်တည်းလား?"
လှေကားတက်လာရလို့ အသက်ကိုပြင်းပြင်းထန်ထန်ရှုနေရသည့်ကလေးလေးမှာ သူမနားပြေးလာပြီး သူမခြေထောက်တွေကို သူ့လက်တွေဖြင့် သိုင်းဖက်လိုက်၍ "အန်တီယန်"
သူ့၏ချစ်စရာကောင်းသည့်မျက်နှာဖွေးဖွေးလေးက ပန်းရောင်သို့ပြောင်းနေပြီး သူ့ကိုကြည့်ရတာ ပုံမှန်ချိန်ထက်ပိုပြီး ချစ်ဖို့ကောင်းနေသည်။ ရုပ်ရည်သွင်ပြင်၏ဖန်အစစ်ဖြစ်သည့်သူအနေနှင့် ယန်ရှုယွီမှာမနေနိုင်ပဲ ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး ချီလိုက်သည်။
ကျိုးယိမှာ ကျန်းယွမ်ကျားထက်၆လငယ်တာကြောင့် နည်းနည်းပိုပေါ့သည်။ သူမသားကို ချီထားနေကြဖြစ်တာကြောင့် ယန်ရှုယွီမှာ ဇာတ်လိုက်လေးကို ချီလိုက်သည့်အချိန် ဘာအခက်အခဲမှမဖြစ်ပေ။ သူမသည် ကလေးလေးကို လက်တစ်ဖက်တည်းဖြင့် ချီထားရင်း သူမဘော်ဒါမှယူလာပေးသည့်ရေခွက်ကို တစ်ခြားလက်တစ်ဖက်ဖြင့် လက်ခံလိုက်ပြီး ကလေးလေးကို ရေငုံအနည်းငယ်လောက်တိုက်လိုက်သည်။