၂၀၅
2.5K 360 11
အပိုင်း (၂၀၅) - Hotpot with kids
~~~~~~~~~~~~~~~~~~~~~~~~~
မိဘတွေက စကားပြောနေတာကိုရပ်လိုက်ကြပြီး လှမ်းမျှော်ကြည့်နေကြသည်။ ဆရာမရှောင်လင်းက ယန်ရှုယွီအား ပြောလိုက်သည်။ "ယွမ်ပေါင်ရဲ့အတန်းက ဒီနေ့ ပိုပြီးနောက်ရောက်တယ် သူက ငါးဖွဲ့မြောက် ဒါမှမဟုတ် ခြောက်ဖွဲ့မြောက်လောက်မှ ထွက်လာလောက်လိမ့်မယ်"
ဟုတ်ပါတယ် တစ်နေ့တာ ကျောင်းဆင်းသည့်အချိန် ပြန်သည့်အခါ၌ မူကြိုက ကလေးတွေမှာ အတန်းလိုက်တန်းစီရသည်။ ကလေးတွေကို စည်းကမ်းလိုက်နာအောင် သင်ကြားရာ၌ ငယ်ရွယ်စဉ်ကတည်းက စတင်သင်ကြားပေးဖို့က အရေးကြီးသည်။
ဒီလိုအသိပေးမှုကြောင့် ယန်ရှုယွီမှာ မလောတော့ပေ။ သူမသည် ကလေးတွေတစ်ယောက်ပြီးတစ်ယောက် မူကြိုထဲကနေ ပြေးထွက်လာတာကိုသာ ဒီတိုင်းလေးကြည့်နေလိုက်သည်။ လူတိုင်းက ကောင်းကောင်းမွန်မွန်တန်းစီသွားသည့်အခါ အချိန်တိုတိုနှင့်လိုရာခရီးကို မြန်မြန်ရောက်သည်။ သိပ်မကြာခင်မှာပဲ ကျန်းယွမ်ကျား၏အတန်းအလှည့်ရောက်လာသည်။
ကလေးလေးကျန်းယွမ်ပေါင်မှာ သူ့မေမေနှင့်အတူ သူအရမ်းသတိရနေသော သူ့ဘော်ဒါလေးက သူ့ကိုအတူလာကြိုတာကို မြင်လိုက်ရသည့်အခါ အရမ်းစိတ်လှုပ်ရှားပျော်ရွှင်သွားသည်။ ကျောင်းတွင် သူ့ပုံမှန် တည်ငြိမ်အားကိုးရသည့်ပုံစံနှင့်မတူညီစွာ သူသည် သူတို့နားရောက်သည်အထိ အပြေးလေးသွားလိုက်သည်။ သူ့မေမေဆီပြေးသွားနေတုန်း သူ့မျက်လုံးတွေကတော့ တောက်ပနေသည်။ "မေမေ မေမေကရှောင်ယိကို ဒီလောက်အစောကြီးသွားကြိုထားပြီးပြီပေါ့ ဒါမှ သားကိုအတူတူလာကြိုလို့ရအောင်လား?"
ယန်ရှုယွီမှာ နာမည်ကောင်းဝင်ယူရတာကို ကြိုက်သလောက် ဘော့စ်၏နာမည်ကောင်းကိုတော့ သူမ မယူပေ။ သူမသည် သူမသားအား ရိုးသားစွာပြောပြလိုက်သည်။ "မဟုတ်ရပါဘူး မေမေစီစဉ်ထားတာက ရှောင်ယိကို သားနဲ့အတူသွားခေါ်မလို့ပဲ ဒါပေမယ့် အန်ကယ်ကျိုးက အကုန်လုံးကိုစီစဉ်ပေးထားပြီးတော့ ရှောင်ယိကို ကော်ဖီဆိုင် လာပို့ပေးခိုင်းလိုက်တယ်လေ"
ကျန်းယွမ်ကျားမှာ ဘာမှသိပ်မပြောတော့ပဲ သူ့ဘော်ဒါလေးဆီသို့သာ တန်းသွားလိုက်ပြီး တင်းတင်းကြပ်ကြပ်ကို ဖက်လိုက်သည်။ "ကျေးဇူးပဲ ရှောင်ယိ"