၂၀၃
1.9K 316 1
အပိုင်း (၂၀၃)
ညနေ၄နာရီခွဲရှိပြီဖြစ်ပြီး မူကြိုကျောင်း၏အရှေ့တံခါးအပြင်တွင်တော့ သူတို့ကလေးကိုလာကြိုကြသည့်ကားပေါင်းစုံဖြင့် ပိတ်နေသည်။ ပုံမှန်အားဖြင့်တော့ ယန်ရှုယွီသည် သူမသားကိုလာကြိုသည့်အခါ လမ်းလျှောက်လာရင်လာ မဟုတ်ရင် သူမဘော်ဒါလေး၏ဆိုင်ကယ်လေးဖြင့် လာကြိုလေ့ရှိသူက နောက်ဆုံးတော့ ကားမောင်းသမားလိုက်ပို့ပေးသည်ဆိုသော အတွေ့အကြုံကို ခံစားဖူးသွားပြီလေ။ မစ္စတာကားမောင်းသမားက သူမအတွက်တောင်မှ လေးလေးစားစားနှင့် ကားတံခါးကိုဖွင့်ပေးလာသည်။ ယန်ရှုယွီသည် အရမ်းကိုရွှင်ပြတက်ကြွစွာဖြင့် ကားပေါ်ကဆင်းလိုက်သည်။
ပြောထားသလိုပင် ဘော့စ်၏ကားက အရမ်းကိုတန်ဖိုးကြီးအကောင်းစားကားတစ်စီးဆိုပေမယ့် သူတို့ကလေးတွေကို ဖရာရီ ဒါမှမဟုတ် လန်ဘော်ဂနီနှင့် လာကြိုကြသည့် တစ်ခြားမိဘတွေလည်း ရှိသေးသည်။ ဒီလိုတစ်ခြားသောတန်ဖိုးကြီးကားတွေ ​ဘေးမှာရှိနေတာကြောင့် သူမသည် အရမ်းကြီးရှိန်မနေပဲ ကားဘေးတွင်သာ သဘာဝကျကျရပ်နေလိုက်သည်။
သူမအပြင်မှာရပ်နေတာကိုမြင်တော့ ကားအတွင်းက ကလေးထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာထိုင်နေသည့် ဇာတ်လိုက်လေးကလည်း ငြိမ်ငြိမ်မနေနိုင်တော့ပေ။ သူသည် သူ့ချစ်လှစွာသောအန်ကယ်ကျန်းကိုကျော်သွားပြီး ကားအပြင်ဖက်ကို အော်ခေါ်လိုက်သည်။ "အန်တီယန်! အန်တီယန်!"
အန်တီယန်ကလည်း နောက်လှည့်လိုက်ပြီး ဇာတ်လိုက်လေးဘာလိုချင်နေလဲဆိုတာကို ချက်ချင်းနားလည်သွားသည်။ "သားလည်းပဲအပြင်ထွက်လာချင်လို့လား?"
ကျိုးယိသည် အားပါစွာနှင့်ခေါင်းညိမ့်ပြလိုက်တာကြောင့် ယန်ရှုယွီသည်လည်းပဲ ကားတံခါးကိုဖွင့်ကာ ကူညီပေးလိုက်သည်။
သူမသားနှင့်ဇာတ်လိုက်လေးတို့က ဒီကလေးထိုင်ခုံကို အကြိမ်ပေါင်းများစွာအသုံးပြုပြီးနေပြီဆိုပေမယ့် အခုချိန်ထိ ခါးပတ်ဖြုတ်ပေးသည့်သူက ဘော့စ်သာ အမြဲဖြစ်ခဲ့သည်။ ယန်ရှုယွီက ဘေးမှာသာရပ်ပြီး ကြည့်နေရတာဖြစ်သည်။ အခုတော့ သူမဘာသာသူမလုပ်ကြည့်ရန်ကြိုးစားသည့်အခါ မြင်တာထက်ပိုခက်ခဲကြောင်း သူမသိလိုက်ရသည်။ အင်းလေ သူမက ကိုးယိုးကားယားနိုင်တာလဲ ဖြစ်နိုင်တာပဲ။