၂၀၆

2.1K 308 11
                                    

အပိုင်း (၂၀၆)
~~~~~~~~~

ပုံမှန်ဆိုလျှင် မန်နေဂျာရန်သည် ဆိုင်တွင်စားလေ့မရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက မိသားစုတွေ သူငယ်ချင်းတွေအများကြီးရှိပြီး ညစာစားပွဲတွေများစွာ တက်ရောက်ဖို့ရှိသည့် ဒုတိယမျိုးဆက်သဌေးသားလေးတစ်ယောက် ဖြစ်နေဆဲပင်။ ပိတ်ရက်မဟုတ်သည့်တိုင်အောင် သူ့မိသားစုသည် ဆွေမျိုးတွေနှင့်အတူ စားသောက်ကြရန်အတွက် ညစာစားပွဲကို စားသောက်ဆိုင်တစ်ခုတွင် ကျင်းပဖို့လုပ်ထားသေးသည်။ သူသည် ၆နာရီမတိုင်ခင်အထိ မသွားသေးတာကြောင့် ကြားအချိန်တွင်း၌ ယန်ရှုယွီနှင့် အလာပသလာပပြောနေနိုင်သေးသည်။ 

သူမနှင့်စကားပြောပေးမယ့်သူလည်းရှိသလို ဧည့်သည်ရောက်လာရင်လည်း ခင်းကျင်းဧည့်ခံပေးနေလိုက်တာကြောင့် အချိန်က လျှင်မြန်စွာကုန်ဆုံးသွားတော့သည်။ သူမဘော်ဒါလေးတွေက သူမနှင့် အလုပ်ချိန်လာပြောင်းသည့်အခါမှာတော့ အချိန်က မျက်စိတစ်မှိတ်လေးလောက်သာ ရှိသွားသည်လို့ သူမခံစားလိုက်ရသည်။ သူမသည် ပျော်ပျော်နှင့်အနောက်ထဲပြန်ဝင်သွားပြီး အဝတ်အစားကိုလဲလိုက်ပြီးနောက် ဆိုဖာခုံရှည်ပေါ်တွင် ပျော်ရွှင်စွာကစားနေသည့် ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ "အခုအလုပ်ဆင်းလို့ရပြီ ညနေစာသွားစားကြရအောင်" 

မုန်လာဉနီလေးနှစ်ခုမှာ ပျော်ရွှင်စွာဖြင့် ဆိုဖာပေါ်ကနေ ခုန်ဆင်းလိုက်ပြီး သူမခြေထောက်ဆီမှာ တစ်ယောက်စီ တွယ်ဖက်လာသည်။ စိတ်ကျေနပ်သွားသည့်ယန်ရှုယွီသည် မေးလိုက်၏။ "မင်းတို့ညနေစာကို ဘာစားချင်လဲ? ကြိုက်တာစား ငါကျွေးမယ်" 

ဇာတ်လိုက်လေးက သူ့အဖေလိုမဟုတ်ပေ။ သူသည် ကော်ဖီဆိုင်က အချိုပွဲအား အရမ်းကိုကြိုက်သည်။ သူ့ကို ညစာလိုက်ကျွေးဖို့ ယန်ရှုယွီတတ်နိုင်ပါသေးသည်။ 

ကျန်းယွမ်ကျားနှင့် ကျိုးယိတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အထက်တန်းမိသားစုမှ သခင်ငယ်လေး သေချာပေါက် အပြင်တွင် ခဏခဏမစားသောက်ဖူးပေ။ ဇာတ်လိုက်လေးမျက်နှာပေါ်က အူကြောင်ကြောင်အကြည့်တွေကြောင့် ကျန်းယွမ်ကျားမှာ တာဝန်ခံလိုက်ပြီး အကြံပြုလိုက်သည်။ "ဟော့ပေါ့ဆိုရင်ကောဘယ်လိုလဲ? သားတို့မစားရတာကြာပြီလေ" 

ဇာတ္လိုက္၏ဗီလိန္မိေထြး | ဇာတ်လိုက်၏ဗီလိန်မိထွေး Book IIWhere stories live. Discover now