မမလေး!!အကိုလေးလာပါတယ်ရှင့်' ချယ်လေးပြောတော့လက်ထဲကထိုးလက်စမာဖလာလေးအားရပ်လိုက်ပြီး နှုတ်ခမ်းထက် အပြုံးတစ်ပွင့်ဆင်မြန်းကာ
'ထယ်လာတယ်?'
'ဟုတ်မမလေး' ချယ့်စကားအဆုံး အခန်းထဲမှပြေးထွက်လာခဲ့ပြီးခြေလှမ်းများကခြံထဲသို့...ဟောတွေ့ပါပြီ ချစ်ရသူက ခါတိုင်းလိုsummer houseထဲမှာ....ဘာမှတွေးမနေတော့ဘဲ
'ထယ်!!' ဟုခေါ်လိုက်တော့ ကျွန်မရဲ့ခေါ်သံအဆုံးသူလှည့်ကြည့်လာတယ် ကျွန်မလည်းသူ့ဆီရောက်အောင်သွားပြီး ခါးကိုသာဖက်လိုက်မိတယ်သူ့ဘက်ကဘာမှမတုံ့ပြန်ပေမယ့်လည်းပေါ့ ခနကြာတော့
'အဟင်းး ရပြီထင်တယ် သူများတွေကြည့်နေတယ်လေ ရင်း'
'အော်...' ဖက်တာကိုလွှတ်လိုက်ပြီး ကိုယ့်ဘာသာကိုယ်ရှက်နေမိတယ်
'ထိုင်ဦးလေထယ်... ချယ် ထယ့်အတွက်တစ်ခုခုပြင်ဆင်ပေးပါဦး'
'ဟုတ်မမလေး' ချယ်လေးထွက်သွားတော့
'ဒါနဲ့ထယ်ကဘာကိစ္စရှိလို့လဲ?'
'အော် ဟုတ်တယ် ကိုယ်မနက်ဖြန်USကိုပြန်သွားရမယ် အဲ့ဒါလာနှုတ်ဆက်တာ'
ဘယ်လို!!ပြန်လာတာဖြင့်မကြာသေးဘဲထယ်ရယ် ဒီကြားထဲရင်းတို့ကတွေ့ရတာလည်းမဟုတ်...
'ထယ်ရယ် ပြန်လာတာဖြင့်တစ်ပတ်မပြည့်သေးဘူးမလား'
'ကိုယ်တောင်းပန်ပါတယ်ရင်း ကိုယ့်အလုပ်တွေကမပြတ်သေးလို့ပါ'
ထယ်ကအဲ့ဒီလိုဘဲ အမြဲအလုပ်အကြောင်းပြပြီးUSကိုသွားသွားနေတာ အလုပ်များတယ်ဆိုတာသိပေမယ့် ရင်းကိုတော့အချိန်ပေးသင့်တယ်လေ *ရင်းကိုအခုချိန်ထိမချစ်နိုင်သေးတာလားဟင်*
'ရပါတယ် အလုပ်တွေကြောင့်ပင်ပန်းနေရောပေါ့'
'ကိုယ်ဒီတစ်ခေါက်အလုပ်ကိစ္စပြီးရင်အပြီးပြန်လာမှာပါ'
'အင်းပါ'
'ဒါဆိုကိုယ်ပြန်လိုက်ဦးမယ်'
တွေ့လားလုပ်ပြီ ထယ်ကရင်းဆီလာရင်ဘယ်တော့မှကြာကြာနေမယ်ဆိုတာမရှိဘူး *ရင်းဆီမှာအဲ့လောက်တောင်မနေချင်တာလားဟင်*
YOU ARE READING
Forgive me
Fanfic'ထယ်ကတော့ကောင်းလိုက်တာနော် ထယ်တန်ဖိုးထားရတဲ့သူကိုပိုင်ဆိုင်လိုက်ရလို့လေ' 'ရင်းက အဲ့လိုထင်တာလား?ဒါပေမဲ့ကျနောတန်ဖိုးထားရတဲ့သူကအခြားတစ်ယောက်ဖြစ်နေတာကျနောမသိခဲ့ဘူး' ocရဲ့နာမည်ကrinမို့လို့ရင်းလို့ရေးထားပါတယ် own creation by blessing_kook