Ep 1
နာမည်ကြီး အဆိုတော် Park Chanyeol SBS studio ထဲ မှ အသံသွင်းပြီး SBS building ထဲ မှ ထွက်လာခဲ့သည်။ SBS ဆင်ဝင်အောက် အရောက် သူ့ကို တစုံတခု စိုက်ကြည့်နေသလို ထင်တာကြောင့် ဘေးဘီ ကြည့်မိသည်။ ဘာမှမတွေ့..
ဆောင်းရာသီ မို့ Seoul မြို့ရဲ့ ရာသီဥတု က ရေခဲတမျှ.. လမ်းပေါ်မှာလဲ ဆီးနှင်းတို့ ထူထပ်စွာနေရာယူထားသည်။ သူ ကားဆီ ခပ်သွက်သွက် လှမ်းရင်း ကားတံခါးကို ဆွဲအဖွင့်..
ကားက ရှေ့သို့ အနည်းငယ် တိုးသွားသည်။
မှန်အမည်းတွေ ကာထားတာကြောင့် အထဲကို မမြင်ရ။
Yeol ကားနားပြန်လျှောက်ပြီး ကားတံခါးကို ထပ်ဆွဲဖွင့်တော့.. ကားက အထဲမှ လော့ခ် ချထားပုံရသည်။သူ ကားတံခါးက မှန်ကို ထုပြီး...
Yeol : manager hyung.. ကျွန်တော်ကို တံခါးဖွင့်ပေးလေ။ ဘာလို့ လောခ်ချ.. ချ....
Yeol ပြောလို့တောင် မဆုံးသေး ကားက ထွက်သွားချေပြီ။.
Yeol : ဘာလဲဟ။ ငါ့ကို ဘာလို့ ထားခဲ့တာလဲ။.
Camera man : Chanyeol shi ခုသွားစရာ ကားမရှိတော့ဘူး မလား။ ကျွန်တော်တို့ နဲ့ လိုက်ခဲ့ပါ..
Yeol ထိုအခါမှဘေးဘီကြည့်မိတော့ ကင်မရာမန်းတွေကော SBS staffတွေ ကို တွေ့ရသည်။.
Yeol : ဘယ်ကို လိုက်ရမှာလဲ။..
ပြောလို့မှမဆုံးသေး. ကားတစီး ထိုးရပ်ပြီး တံခါးပွင့်လာသည်။..
Yeol ထိုကားပေါ် တက်လိုက်တော့ PD က သူ့ကို လာထိုင်ဆိုပြီးပြောသည်။
PD : Yeol မင်း SBSက လုပ်တဲ့ "Baby &Uys" အစီအစဉ် မှာပါရမယ်။..
Yeol : ကျွန်တော်က ဘာလုပ်ရမှာလဲ။..
PD : Appa..
Yeol : nae? Appa...
PD : ဟုတ်တယ်။ မိဘမဲ့ ကလေးတွေ ကို သူ့မိဘရင်း ကို ပြန်တွေ့စေချင်လို့ ပဲဖြစ်၂ ပြည့်စုံတဲ့ မွေးစားမိဘ ကောင်းတွေ ရှာပေးချင်လို့ ဒီ programme လုပ်ပေးတာ..
၃လလောက် ကလေးနဲ့ တူတူ နေပေးရမယ်။ ၃လ ပြည့်ရင် မွေးစားမဲ့ မိဘ လက်ထဲ ထည့်ပေးလိုက်ကြမှာလေ။