Ep 4
နှင်းစက် ကလေးတွေနဲ့ ခေါင်မိုးတို့ ထိသံ တဖောက်ဖောက်မှ အသံတို့က လှပသော ဆောင်းမနက်ခင်းလေးကို ပိုအသက်ဝင်နေစေခဲ့သည်။ အရင်ဆုံး နိုးထလာသူ က Baek...
Baek နိုးလာတော့...
သူမ မျက်နှာချင်းဆိုင်မှာ နီးကပ်လှသော မျက်နှာ တခုကြောင့်..
Baek pov : ဟင်! Yeol က ဘယ်လို ငါ့နား ရောက်လာတာလဲ။ ငါတို့ အလယ်မှာ သားလေး အိပ်တာပါ။..
နောက်တော့မှ ကြည့်လိုက်တော့ သားလေးက သူမနဲ့ Yeol ရဲ့ ရင်ခွင်ကြားထဲမှာ ကွေးကွေးလေး အိပ်ပျော်နေပြီး သူမတို့ နှစ်ယောက်ကတော့ မျက်နှာချင်းဆိုင် နီးကပ်လို့နေပီ။ Yeol က သူ့လက်တဖက်ကို ခေါင်းအောက် လျှိုသွင်းကာ Baek ဘက်သို့ ခေါင်းစောင်းပြီး အိပ်နေသည်။
Baek pov : အာ.. ကြည့်ရတာ အေးတော့ ၃ယောက်လုံး ကပ်မိသွားတာနေမှာ..
Baek သူ့ဘာသာ ယူဆ လိုက်ရင်း သားလေး နဲ့ Yeol မသိအောင် ထလိုက်သည်။ ပြီးတော့ မျက်နှာသစ် သွားတိုက်ကာ မီးဖိုခန်းလေးထဲ ဝင်ခဲ့သည်။ မနေ့က ဝယ်ခဲ့သော စားစရာ တွေ ထဲမှ မနက်စာ ကို ပြင်ဆင်နေတော့သည်။
Yeol နိးလာတော့ သားလေးက အိပ်ပျော်နေတုန်း.. Baek ကတော့ မရှိတော့။ သူလဲ သွားတိုက် မျက်နှာသစ်ကာ သားလေး ကို နိုးလိုက်သည်။..
Yeol : သားလေး.. ထတော့..
Jackson : appa..
အိပ်မှုံစုန်ဖွား နဲ့ သားလေးက ဆံင်လေးတွေ ဖရိုဖရဲ နဲ့ ထထိုင်လာသည်။ Yeol သားလေး ခေါင်းကို တချက် ဖွရင်း..
Yeol : Aigoo.. woori puppy လေး.. နိုးလာပြီလား.. လာ. သွားတိုက်ကြမယ်။..
Jackson လေး သူ့ဆီ လက်လေး လှမ်းပေးတော့ Yeol လဲ သားလေးကို ချီကာ ရေချိုးခန်းထဲဝင်ခဲ့တော့သည်။..
Baek : ဒီသားအဖ တွေ ခုထိ မထ ကြသေးတာလား။
Baek ပြောရင်း အပေါ် ထပ်တက်မည် အလုပ်.. သားလေးကို ချီပြီး အောက်သို့ ဆင်းလာသော Yeol နှင့်ဆုံသည်။.
Baek : ခုပဲ လာခေါ်တော့မလို့..
Jackson : Omma..
Baek ကို မြင်တော့ သားလေးက လှမ်းခေါ် နေသည်မို့..