Ep 2...
Baek လှည့်ကြည့်လိုက်တော့ SBS Cameraman များနဲ့ Staffများကိုတွေ့ရသည်။ သူတို့ နားမှာတော့ Idol Park Chanyeol......
Yeol : Annoyeong!!သားလေးကတော့ Omma လို့ခေါ်ပြီးပြီဆိုတော့ Byun Baekhyun shi ဘယ်လိုသဘောရပါသလဲ။ဒီအစဉ်အစီ မှာပါဝင်ဖို့ စိတ်ပါရဲ့လား။ ကျွန်တော်တို့က ကလေး အတွက် မိဘကောင်းတွေ ရှာပေးရမှာဆိုတော့ အတူတူ တွဲလုပ်ရမှာဆိုတော့ အဆင်ပြေမှ လုပ်စေချင်ပါတယ်။...
Baek အနည်းငယ် တွေးတောသွားရသည်။ သူမ ဒီအစီအစဉ် ကို SBS ကလုပ်မှာကို သိထားပြီးသားပါ။ ခုတော့ သူမ ပါဝင်ရမှာဆိုတော့......
Baek : Baek ကတော့......
Baek ဆက်ပြောမည့်စကားတို့ ဆွံ့အ သွားရသည်။ သူမ အင်္ကျီစ ကို ခုချိန်ဆွဲထားပြီး မော့ကြည့်နေသော မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကလေးလေး ကို မြင်တော့.....
Baek : Baek သဘောတူပါတယ်။ Omma လုပ်ပေးပါ့မယ်။...
Baek ပြောပြီး Jackson လေးကို ကောက်ချီလိုက်သည်။ ပြီးတော့ ပါးဖောင်းဖောင်းလေး ကို တချက်နမ်းလိုက်တော့ သားလေးကလဲ သူ့ လက်သေးသေးလေးတွေနဲ့ Baek ကိုလာဖက်သည်။..
Yeol : ကဲ.. ဒါဆို ကင်မရာကို ကြည့်ကြစို့...
Baekက ကလေးချီလျက်သားနှင့် Yeol က Baek နားမှာ တစောင်းလေး ရပ်လိုက်တော့ သားလေးကော Baek ပါ Yeol ရင်ခွင်ထဲဝင်သွားသည်။ သူတို့ရဲ့ ပထမဦးဆုံး Family photo လေးပေါ့.....
နေ့လည်စာကိုတော့ စားသောက်တခုမှာ ဝင်စားကြသည်။ Baek က သားလေးကို လူကြီးတွေ ထိုင်တဲ့ ခုံပေါ်ကနေ ထပ်တင်ဖို့ နောက်ခုံတလုံးတောင်းပြီး ထိုင်ခိုင်းသည်။ ပြီးတော့ Jackson လေးစားဖို့ အသားလေးတွေ သေးသေးလှီးပေးပြီး ထည့်ပေးသည်။ လက်ကိုင်ပဝါလေးကိုလဲ Jackson ပေါင်သေးသေးလေးပေါ် တင်ပေးလိုက်နဲ့ အလုပ်ရှုတ်နေသည်။ Yeol ကတော့ သူမ လုပ်သမျှကြည့်လိုက် စားလိုက်နဲ့ပေါ့....
စားပြီးတော့ ရိုက်ကွင်းခနနားတော့ Yeol က...
Yeol : သေချာ မမိတ်ဆက်ရသေးဘူးထင်လို့။.ကျွန်တော့ နာမည် Park Chanyeol ပါ.....
Baek : ကျွန်မ နာမည် Byun Baekhyun ပါ..
Yeol : အာ.. Baekhyun shi ကလေး ချစ်တတ်တာပဲနော်..