Strawberry's Confession

6.2K 559 19
                                    

Ep 8..

နောက်တနေ့ မနက် ရောက်တော့ PD Nim က..

P. D : ဒီနေ့ မွေးစားချင်တဲ့ မိဘ လာကြည့်လိမ့်မယ်။ Yeol တို့က ခနတော့ Jackson အသားကျအောင်နေပေးပီး ရှောင်ပေးလို့ ရတယ်။ မွေးစားမဲ့ သူနဲ့ Jackson ကို လွှတ်ထားပေးလိုက်ကြတာပေါ့...

Baek : ဖြစ်ပါ့မလား. သားလေးက......

P.D : တချိန်ကျ ခွဲပေးလိုကိရမှာပဲ Baek ရယ်.. စိတ်ပိုင်းဖြတ်ထားပါတော့..

Baek : :'(

Yeol မျက်ရည်တွေ အဝိုင်းသား ဖြစ်သွားသော Baek ကို ကြည့်ရင်း ရင်ထဲ ဆစ်ခနဲ ဖြစ်သွားမိသည်။ နဂိုတည်းက ခန သာ ပိုင်ဆိုင်ခဲ့ရသော ဒီနေရာကို ခုတော့ စွန့်လွှတ်လိုက်ရတော့မလား.. ကြောက်နေမိသည်လေ..

မကြာမီ ရောက်လာသော ဇနီးမောင်နှံ ကိုကြည့်ရင်း သူတို့ သက်ပြင်းချမိကြသည်။ ကြည့်ရတာတော့ မဆိုးလှပါ.. အမျိုးသားက ယောကျားပီသ ချောမောပြီး အမျိုးသမီးကတော့ နှစ်လိုဖွယ်အပြုံးနှင့် အိမ်ရှင်မ ပီသမည့်ပုံပါပဲ..

Jung min : Annoyeong!

ကျွန်တော်  Jung min ပါ. ဒါ ကျွန်တော့ဇနီး Suri ပါ..

Baek. Yeol : nae. Annoyeong!

Jung min : ဒါ Jackson လား. အပြင်မှာ ပိုချစ်ဖို့ကောင်းတယ်နော်. လာပါအုံး. Arjushi တို့ဆီကို...

Jung min က  Baek လက်ကို ဆွဲထားသော သားလေးကို လှမ်းခေါ်လိုက်တော့ သားလေးက  Baek နောက်ကွယ်မှာ သူ့ကိုယ်လေးကို ပုန်းလိုက်ရင်း မျက်လုံးဝိုင်းတွေနဲ့သာ ချောင်းကြည့်နေတော့သည်။ Yeol Baek ကို ကြည့်မိတော့ သားလေး လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပီး ကျောက်ရုပ်တရုပ်ပမာ ရပ်နေတာမို့..

Yeol : Baek. သားလေးကို ခနပေးလိုက်လေ..

Baek : ဟင်.. အင်း..အင်း...

Baek အတွေးကမ္ဘာထဲ က ပြန်လည်ရုန်းထ လာတဲ့သူလို အယောင်ယောင် အမှားမှား နဲ့ ဖြေသည်။.

Suri က သားလေး ကို Baek ဆီက လာရောက်ခေါ်တော့ ဆုပ်ကိုင်ထားသော သားရဲ့ လက်သေးသေးလေးတွေကို Baek ဖြေလျော့ပေးလိုက်ရသည်။..

Baek : သားလေး.. ဒီ arjushi တို့နဲ့ ခန နေခဲ့နော်.. Omma တို့ သွားစရာရှိလို့.. ပီးမှပြန်လာခေါ်မယိ.. သားလေး သွားချင်တဲ့ ကစားကွင်းလဲ လိုက်ပို့ပေးမှာ.. သားလေးကြိုက်တဲ့ စတော်ဘယ်ရီလဲ ကျွေးမှာ.. လိမ်လိမ်မာမာ နေခဲ့နော်..

We have a BabyDonde viven las historias. Descúbrelo ahora