အခန်း(၈)

6.1K 881 26
                                    

ကျွန်တော်ပြန်ပြီး မနိုးလာခင်အထိ ဘယ်လောက်ကြာအောင် မေ့မျောပြီးအိပ်ပျော်နေခဲ့မိလဲ ကျွန်တော်မသိ။

အတွေး၊ အသိအာရုံတို့က နိုးတစ်ဝက် အိမ်မက်တစ်ဝက်အခြေအနေ၌သာ ရှိနေသေးပြီး ဘေးနားရှိ လျင်မြန်စွာလှုပ်ရှားနေတဲ့ အပြုအမူက ကျွန်တော့်မျက်လုံးပွင့်လာဖို့ နှိုးဆော်နေသလိုပင်။ အလင်းရောင်က ကျွန်တော့်ရဲ့မျက်လုံးကို နေရထိုင်ရခက်စေပြီး ကျွန်တော်သည်လည်း မျက်လုံးပိတ်ပြီးဆက်အိပ်နေဖို့ ဘယ်လိုမှမဖြစ်နိုင်တော့။

'တစ်စုံတစ်ယောက်နိုးလာတဲ့အခါ ... အလင်းရောင်တွေက အနည်းငယ်မျှ ဝေဝါးနေတတ်သည်။'

ကျွန်တော် မျက်လုံးကို တစ်ခါပြန်ပြီးဖွင့်လိုက်ချိန်မှာတော့ ဘေးနားရှိ ရိုင်းရဲ့ပုံရိပ်က ထင်ထင်ရှားရှားဖြစ်လာသည်။ သူက ကျွန်တော့်အိပ်ရာနားတိုးလာပြီး ခါးကိုကုန်းလိုက်သည်။ အမြဲတမ်းမြင်တွေ့ရင်းနှီးနေကျဖြစ်တဲ့သူ့ရဲ့မျက်နှာက အရင်အတိုင်းပြုံးနေဆဲဖြစ်ပြီး ထိုအပြုံးက လေပြင်းမုန်တိုင်းကျတဲ့နေ့တုန်းက ဖြစ်ပျက်ခဲ့သမျှကို အခုထိရှင်းရှင်းလင်းလင်းမှတ်မိနေသေးတဲ့ ကျွန်တော့်အတွက် လွန်စွာမှ မှားယွင်းပြီး ထူးဆန်းသည့် အပြုံးတစ်ခုဖြစ်နေသည်။ သူက အစကနေ အဆုံးထိ ကျွန်တော့်ကို လှည့်စားထားခဲ့ပြီး ယခုသုတေသနပြုချက်အတွက် သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကလည်း ရှုပ်ထွေးနေသည်ပင်။

ကျွန်တော်မျက်မှောင်ကြုပ်လိုက်ပြီး ဘာစကားတစ်လုံးမှမပြောဘဲ သူ့အားစိုက်ကြည့်နေလိုက်သည်။

ရိုင်းကတော့ ဘာမှမဖြစ်ပျက်ထားသည့်အတိုင်း ခေါင်းကိုငုံ့ကာကြည့်နေပြီး ပေါ့ပါးကြည်လင်နေသည့်အသံဖြင့်ပင် စကားပြောလာသည်။

"နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့။ နေလို့ ပိုကောင်းလာ လား ကိုယ့်လူ"

"သိပ်ကိုမှပေါ့" အေးစက်စက်ပြုံးကာဖြင့် ကျွန်တော်ပြန်ဖြေလိုက်သည်။ စကားအနည်းငယ်ပြောပြီးတော့ အလိမ်အညာဒီမျက်နှာရူးရဲ့ မျက်နှာကို လက်သီးဖို့ ကြံရွယ်ခဲ့ပြီး ထိုအကြံအစည်က ကျွန်တော့်လက်ကိုလှုပ်လိုက်ချိန်မှာ စိတ်ထဲတွေးလိုက်သလို လုပ်ဖို့မတတ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။

Desharow's MermanWhere stories live. Discover now