ကျွန်တော့်ကိုအံ့အားသင့်သွားစေတာက ဒီဇီဝဗေဒ ဌာနချုပ်ရဲ့ ကောင်းမွန်လွန်းလှတဲ့ တည်ဆောက်ထားမှုပုံစံပါပဲ။ ဒါဗင်ပြောချက်အရဆိုရင်တော့ ဒီနေရာက ကမ်းဦးရေတိမ်ပိုင်းကနေ ဆက်လျက်တည်ဆောက်ထားပြီး အဆောက်အဦးတစ်ခုလုံးက ပင်လယ်ပြင်ဘက်ထိုးထွက်နေကာ ခေါင်မိုးပုံစံကလည်း ဆူနာမီ ရေလှိုင်းဒဏ်ကိုခုခံနိုင်တဲ့ Sydney Opera House ပုံစံမျိုးပင်။
-----------------------------
အခန်းအပြင်ကိုထွက်လိုက်သည်နှင့် အပြင်ဘက်ကော်ရစ်တာကိုချက်ချင်းရောက်ပြီး တစ်ဆက်တည်းသတိထားလိုက်မိသည်က ကျွန်တော်တို့က ပင်လယ်ရေအောက်ထဲရောက်နေပြီး အပြင်ဘက်ကအရာအားလုံးကို ကာရံထားတဲ့မှန်များမှတစ်ဆင့်မြင်နေရခြင်းဖြစ်သည်။
ဒါဗင်ရှင်းပြတာတော့ ဒီနေရာကို မြေအောက်ရေလှောင်တမံလို့ခေါ်ပြီး ကမ်းလွန်ပင်လယ်ပြင်ထဲ ရေအောက်ခြေအနက်တစ်ခုထိတည်ဆောက်ထားတဲ့ ရေအောက်ဓာတ်ခွဲခန်းဆိုပဲ။ ရေအောက်ခြေဓာတ်ခွဲခန်းနေရာဆီရောက်ဖို့ဆို ကျွန်တော်တို့က ဓာတ်လှေကားကို အသုံးပြုပြီး သွားရမယ်။
ဓာတ်လှေကားမှတစ်ဆင့် အောက်ခြေဘက်သို့ ဖြည်းဖြည်းချင်းဆင်းသွားသည်နှင့် သမုဒ္ဒရာအောက်ခြေပိုင်းတွင်ရှိသော ကမ္ဘာဖြစ်တာကြောင့် ကျွန်တော့်တစ်ကိုယ်လုံး တောင့်တင်းပြီး မူးနောက်နောက်ဖြစ်သွားသည်။ ကျွန်တော်တို့ရောက်နိုင်တဲ့ အနက်ဆုံးနေရာက ကမ်းဦးရေတိမ်ပိုင်းကုန်းဆွယ်၏အောက်ခြေပတ်လမ်းသာဖြစ်ပြီး ကမ်းဦးဆင်ခြေလျှော၏ အနည်ထိုင်နေသောအောက်ခြေအလွှာမှ မိုင်ပေါင်း တစ်သိန်းရှစ်သောင်းကွာဝေးသည်။ ပိတ်ပိန်းအောင်မှောင်မိုက်နေသောဇောက်နက်ကြီးကိုသာကြည့်ရင်း စိတ်လှုပ်ရှားခြင်း၏ ရှုပ်ထွေးမှုခံစားချက်များတိုးဝင်လာကာ ကြောက်ရွှံ့ခြင်းတို့က ပေါက်ကွဲထွက်ဖို့အတွက် တာဆူနေတော့သည်။
YOU ARE READING
Desharow's Merman
RomanceDesharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'm not own this story and it's my retranslation.